လေယာဉ်ငယ်ပျက်ကျပြီး ဘရာဇီးစတုတ္ထတန်း ကလပ်မှ ဥက္ကဋ္ဌနှင့် ကစားသမားလေးဦး သေဆုံး

ဘရာဇီးစတုတ္ထတန်းကလပ် ပါးလ်မက်စ်အသင်းမှ ဥက္ကဋ္ဌနှင့် ကစားသမားလေးဦးသည် ဇန်နဝါရီ ၂၄ ရက်က ပြည်တွင်းဖလားပွဲတစ်ပွဲကစားရန် အသင်း၏လေယာဉ်ကွင်းမှ  လေယာဉ်ငယ်ဖြင့် ထွက်ခွာစဉ် လေယာဉ်သည် ပြေးလမ်းအဆုံး၌ ပျက်ကျပေါက်ကွဲသွားသောကြောင့် သေဆုံးခဲ့ရကြောင်း အသင်းနှင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

သေဆုံးသွားသူများမှာ  အသင်းဥက္ကဋ္ဌ  လူးကပ်စ်မိုင်ရာ၊ ကစားသမားများဖြစ်သော လူးကပ်ပရာဇီတက်စ်၊ ဂိုင်လာမီနိုး၊ ရာနူလီနှင့်   မားကပ်စ်မိုလင်နာရီတို့ဖြစ်ကာ   လေယာဉ်မှူး အပါအဝင် လေယာဉ်တွင်လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က    ဝမ်းနည်းကြောင်း သတင်းနှင့်အတူ ထုတ်ပြန်ခဲ့သည်။

ပါးလ်မက်စ်အသင်းသည် ဇန်နဝါရီ ၂၅ ရက်တွင် မိုင် ၅၀၀ ဝေးသော ဂိုင်အာနီယာအရပ်မှ ဗီလာနိုဗာအသင်းနှင့် ကိုပါ ဗာဒီပွဲ ၁၆ သင်းအဆင့်ပွဲစဉ် ကစားရန် လေဆိပ်မှအထွက်တွင်ပင် လေယာဉ်ပျက်ကျပြီး ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ရခြင်း ဖြစ်သည်။                           

Ref:independent.co.uk