တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

၁။      လျှောက်ထားသူသည်-

          (က)    ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။

          (ခ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။

          (ဂ)     အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက် မကျော်ရ။

          (ဃ)    မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

          (င)     တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။       လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၂၇-၂-၂၀၂၁ ရက်နေ့ထိ နောက်ဆုံးထားလျှောက်ထားနိုင်သည်။

၃။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရဲ တပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။

၄။      သတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း တိုင်းစစ်ဌာနချုပ်များတွင် အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

          (က)    အင်္ဂလိပ်စာ ။  နံနက် ၉ နာရီမှ ၁၁ နာရီထိ။

          (ခ)     သင်္ချာ    ။      နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။      အရည်အချင်းစစ်စာမေးပွဲကို မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်များ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၆။      ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၇။      အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများကို ဟိုပုံးမြို့ (တောင်ကြီးခရိုင်)တွင် လူတွေ့စစ်ဆေးမည်။ လူတွေ့ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ မှတစ်ဆင့် အချိန်မီပေးပို့သွားမည်။ အရည် အချင်းစစ်စာမေးပွဲ အောင်စာရင်းနှင့် သတင်းပို့ရမည့် ရက်များကို မိမိလျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်များတွင် ၁၄-၃-၂၀၂၁ ရက်နေ့မှ ၁၅-၃-၂၀၂၁ ရက်နေ့များအတွင်း မေးမြန်းနိုင်သည်။

၈။      သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈၀၀၀/- ၊ ဒုတိယနှစ် ကျပ် ၁၇၄၀၀၀/- ၊ တတိယနှစ်         ကျပ် ၁၈၀၀၀၀/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ်လစာနှင့်စရိတ်များ ခံစားခွင့်ရှိသည်။

၉။      သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်းခံစားခွင့်ရှိသည်-

          (က)    ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။

          (ခ)     တာဝန်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုတွင် ပညာသည် အကြပ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်။

          (ဂ)     အဆင့်တိုးမြှင့်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့အလိုက် ပညာသည်စစ်သည်များ           အဆင့်အတန်းတိုးမြှင့်ရေးစည်းမျဉ်းနှင့်အညီ  ဒုတိယအရာခံဗိုလ်နှင့်  အရာခံဗိုလ်အဆင့်များသို့ ဆက်လက်           တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ပေးမည်။

          (ဃ)    ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ထား           သည့်အချိန်နှင့် အကျုံးဝင်သည့်အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ  လျှောက်လွှာခေါ်ယူသည့်အခါ          လျှောက်ထားနိုင်သည်။

မှတ်ချက်။      အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်း နိုင်ပါသည်။