တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်း ပွဲမှတ်တမ်း

နေပြည်တော် ဇန်နဝါရီ ၂၇

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် တပ်မတော်က ထုတ်ပြန်နေသည့် “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ထုတ်ပြန်ချက်များ” ထုတ်ပြန်ခဲ့သည့် အကြောင်းအရင်း နောက်ခံအခြေအနေ များ၊ မဲစာရင်းများစိစစ်ခဲ့သည့်ပုံစံများ၊ ဥပဒေအချက်အလက်များနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ၊ စုစုပေါင်း သတင်းဌာန ၄၀ ကျော်မှ သတင်းထောက်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းထောက် များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြန်လည်ဖြေကြားသည်။

Voice of  Myanmar (VOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက   တပ်မတော်အနေဖြင့် ယခုလို ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို အငြင်းပွားနေသည့်ကာလတွင် တတိယ အကြိမ်လွှတ်တော်က ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ခေါ်ထားပါကြောင်း၊  ထိုလွှတ်တော်အတွက်   တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းပေးထားသည်ကိုလည်း တွေ့ရပါကြောင်း၊  ထိုလွှတ်တော် တွင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ တက်၊ မတက်သိလိုပါကြောင်း၊ ထိုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်ပါက တပ်မတော်က တင်မည့် ဒုတိယသမ္မတတစ်ယောက်ကို တင်၍မရကြောင်း၊ အစိုးရဖွဲ့၍မရဘဲ၊ အကျပ်အတည်းဖြစ်မည်ဟု ပြောနေပါကြောင်း၊ ယင်းအတွက်   တပ်မတော်က ဘာများပြောချင်ပါသလဲ  သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်သည်  ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက လိုက်နာစောင့်ထိန်းရမည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေပြဋ္ဌာန်းချက်များအရ အမည်စာရင်းပေး ထားပါ ကြောင်း၊ မိမိပြောလိုသည်မှာ တပ်မတော်အနေဖြင့် ဥပဒေကြောင်းအရ လုပ်နိုင်တာ မှန်သမျှဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Voice of Myanmar (VOM)သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက   မဲစာရင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များတွင် မဲမသမာမှုပြုနိုင်သည်ဟု စွပ်စွဲထားတာတွေ့ရှိရကြောင်း၊ မဲပေးသည့်နေ့တွင် လူတိုင်းက  လက်သန်းတွင် မင်ဆွတ်ပြီးမဲပေးရကြောင်း၊ ထိုမင်ကလည်း ဖျက်၍ မရပါကြောင်း၊ ထိုစာရင်းများအရ မဲပေးခဲ့ သည့်လူတစ်ဦးသည် တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သည်ဆိုသည်ကို ဘာနှင့်သက်သေ ပြနိုင်မလဲသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   မိမိပထမဦးဆုံးပြောလိုသည့် သတိပြုရမည့် အချက်မှာ   ကြိုတင်မဲပေးသည့် လူတိုင်း လက်သန်းတွင် မင်မဆွတ်ခဲ့ရပါကြောင်း၊ ပထမအချက်ကို ပြောခြင်းဖြစ်ပါကြောင်း၊ ကြိုတင်မဲပေး ရာတွင်လည်း UEC အနေဖြင့် COVID-19 ရောဂါအကြောင်းပြပြီး ကြိုတင်မဲဆန္ဒပေးနိုင်ရန် ညွှန်ကြားချက် အမျိုးမျိုးပြင်ဆင်ထုတ်ပြန်ခဲ့တာကိုတွေ့ရပါကြောင်း၊ ထိုညွှန်ကြားချက်များသည် ဥပဒေနှင့် ညီ/မညီ ပြန်ကြည့်၍ ရပါကြောင်း၊ တရားဥပဒေတွင်  ညွှန်ကြားချက်များသည်  ဥပဒေကိုကျော်လွန်၍   မရပါကြောင်း၊ ညွှန်ကြားချက်များတွင် နိုင်ငံသားစိစစ်ရေး ကတ်မပါလည်း မဲပေး၍ရသည်ဆိုသည့် အချက်ပါရှိကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မပါဘူးဆိုလျှင် ထိုသူသည်နိုင်ငံသား ဟုတ်/မဟုတ် ဘယ်လိုလုပ်သိနိုင်မလဲ၊  အသက် ၁၈ နှစ် ပြည့်/မပြည့် ဘယ်လိုလုပ်သိနိုင်မလဲ၊   နိုင်ငံသားစိစစ်ရေးကတ် မပါဘူးဆိုလျှင်  အခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထားသည့် မဲပေးရမည့်အရည်အချင်းများနှင့် မဲမပေးရဟု ကန့်သတ်ထားသောအချက်များနှင့် ငြိစွန်းမှု ရှိ/မရှိ ဘယ်လိုစစ်ဆေးနိုင်မလဲဆိုတာပြောရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေပုဒ်မ ၇(က)နှင့် ပုံစံ(၁)ပါ စာရင်းများအရ နိုင်ငံသားစိစစ်ရေးကတ်သည် အရေးကြီးကြောင်း၊ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များ နှင့်မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင် ထားသူကို ထည့်သွင်းပြုစုရမှာဖြစ်ပါကြောင်း၊ ဒါတွေမရှိပါက မဲပေးနိုင်သည်ဟု ပြဋ္ဌာန်းထားတာကို မိမိအနေဖြင့် မတွေ့မိကြောင်း၊ ယခုကိစ္စများနှင့်ပတ်သက်၍ တပ်မတော်ကို ပြောနေတာတစ်ခုရှိပါကြောင်း၊ မဲရုံမှူးများကို မသင်္ကာတာလား၊ ဆရာ၊ ဆရာမများကို မသင်္ကာတာလား စသဖြင့်ပြောဆိုနေကြကြောင်း၊  မိမိတို့အနေဖြင့် မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို မယုံတာမဟုတ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အများစုသည် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ သမာသမတ်ကျကျ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများသည် မိမိတို့မြန်မာမှု နယ်ပယ်တွင် အလေးထားရသော အနန္တဂိုဏ်းဝင် အာစရိယဂုဏ်တွေအတိုင်း ဆောင်ရွက်ခဲ့သည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ မိမိတို့မယုံကြည်သည်မှာ မဲစာရင်းများကို ယခုလောက် ဖောင်းပွမှားယွင်းအောင် လုပ်ခဲ့သည့်လုပ်ရပ်ကို မယုံကြည်တာဖြစ်ကြောင်း၊ မဲစာရင်းများကို  ယခုလောက် ဖောင်းပွမှား ယွင်းအောင် လုပ်ခဲ့သည့် တာဝန်ရှိသူများ၏ လုပ်ရပ်ကို မယုံကြည်တာဖြစ်ကြောင်း၊ ဘာ့ကြောင့် ဒီလိုလုပ်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲ၊ ဒါကိုရှင်းလင်းဖို့ ပြောနေတာဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတစ်ခု၏ ကိုယ်စားလှယ်တစ်ယောက်က မီဒီယာတစ်ခုကို   ရွေးကောက်ပွဲရလဒ် သံသယမရှင်းဘူးဟု ပြောခဲ့တာရှိပါကြောင်း၊ ဘာကြောင့်ပြောရသလဲဆို ၎င်းက စာရင်း ဇယားအရ ပြောနေခြင်းမဟုတ်ဘဲ ၎င်း၏လက်တွေ့ကြုံတွေ့နေခြင်းအရ ပြောခဲ့တာဖြစ်ပါကြောင်း၊ ၎င်းက ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တစ်မြို့နယ်၌ ဝင်ပြိုင်ခဲ့ကြောင်း၊ အမာခံပရိသတ်လည်းရှိပါကြောင်း၊ ကြိုတင်ဆန္ဒမဲပေးစဉ်ကလည်း   ၎င်းကို မဲပေးခဲ့ပါတယ်ဆိုတာကို   ရိုက်ထားတဲ့ မဲလက်မှတ်ပုံကို  မဲပေးသူက ၎င်းထံ Message လှမ်းပို့ပေးတာလည်းရှိပါကြောင်း၊ ၎င်းပြောသည့်အထဲတွင် သူ့ကိုယ်သူ မဲများများရဖို့ မမျှော်မှန်းကြောင်း၊ အနည်းဆုံး ၂၀ လောက်ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ မိသားစု ဝင်များလည်းရှိကြောင်း၊ သို့သော် မဲရလဒ်ထွက်လာသည့် အချိန်တွင် ထိုကြိုတင်မဲရလဒ်မှာ (ဇနမသ) ဖြစ်နေကြောင်း၊ မဲစာရင်းစစ်ဆေးကြည့်သည့်အခါတွင်လည်း ဒဂုံမြို့နယ် မြို့လယ်ကောင်တွင် နေရပ်လိပ် စာမရှိသည့်သူက ၁၄၀၀ ခန့် နှင့် မှတ်ပုံတင်လျှောက်ထားဆဲလူက ၅၀၀/၆၀၀ ခန့်ရှိသည့်အတွက် ဒါတွေကိုပြောထားတာတွေသည် အကုန်လုံးတွင် မှတ်တမ်းများရှိပြီးသား ဖြစ်ပါကြောင်း၊ သူမီဒီယာတစ်ခုကို ပြောထားပါကြောင်း၊ ဒါတွေသည် တရားဝင်မှတ်တမ်းများဖြစ်ကြောင်း၊ ဒီအချက်များကို စဉ်းစား ဆင်ခြင်ကြည့်ပါဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Senkei  Shimbun Daily ဂျပန်သတင်းစာ၏   ဌာနေသတင်းထောက်၊ Weekly Headline News Journal ၏အယ်ဒီတာ ဒေါက်တာဇော်သန်းက မိမိသိလိုသည်မှာ ယခုကဲ့သို့ များပြားလှသည့် Cross Check ကို မဲစာရင်းနှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးချက်မှာ မည်သည့် System၊ မည်သည့်စနစ်များဖြင့် စစ်ဆေးပါ သလဲ၊ ထိုစနစ်ကိုသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိစောစောကရှင်းပြသလိုပဲ ဖြစ်ပါကြောင်း၊ ထူးထူးဆန်းဆန်းစနစ်တော့ မဟုတ်ကြောင်း၊ ကွန်ပျူတာ အထူးကျွမ်းကျင်တဲ့ လူပင်မလိုကြောင်း၊ ကွန်ပျူတာ ရိုးရိုးကျွမ်းကျင်တဲ့ လူတစ်ယောက်ပင်လျှင် စစ်လို့ရကြောင်း၊ စစ်လို့ရတယ်ဆိုတာ တစ်ခုတော့ရှိပါကြောင်း၊ Excel File ဆိုတာသည် စာရင်းစစ်လို့ရအောင်လုပ်ထားသည့် ဖိုင်တစ်မျိုးဖြစ်ကြောင်း၊ မိမိတို့တီထွင်ထားသည့်ဖိုင် မဟုတ်ပါကြောင်း၊ ထိုအချက်အလက်များသည့် UEC ကထုတ်ပြန်သည့် မဲစာရင်းများအပေါ်အခြေခံကြောင်း၊ UEC က ၎င်းတို့ထုတ်ပြန်သည့် မဲစာရင်းသုံးကြိမ်ရှိကြောင်း၊ တပ်မတော်ကစစ်ဆေးနေသည့် ၎င်းတို့ ထုတ်ပြန် ထားသည့် ပထမအကြိမ်မဲစာရင်းနှင့် ဒုတိယအကြိမ်မဲစာရင်းကိုပဲ အခြေခံထားကြောင်း၊ နံပါတ်သုံးအကြိမ် မဲစာရင်းကို အခြေခံမထားကြောင်း၊ ၎င်းတို့က နောက်ဆုံးထုတ်ပြန်သည့်မဲစာရင်း မဟုတ်ကြောင်းကို ပြောထားကြောင်း၊ ဒါနှင့်ပတ်သက်ပြီး  မိမိရှေ့တွင်စာရင်းများဖြင့် သက်သေပြထားပါကြောင်း၊  ဒါတွေက နောက်ဆုံးထုတ်ပြန်သည့်မဲစာရင်း မြို့နယ် ၄၀ ပါဝင်ကြောင်း၊ ဒါတွေကို စစ်ဆေးနိုင်ပါကြောင်း၊ မိမိခုနက ပြောသည့် အဆင့်တွေအတိုင်း Excel File တွေကို သွင်းလိုက်ပါကြောင်း၊ မိမိတို့ဘာကိုမူတည်သလဲဆိုတော့ နိုင်ငံသားစိစစ်ရေးကတ်ကိုသာ  မူတည်ကြောင်း၊ ဘာလို့နိုင်ငံသားစိစစ်ရေးကတ်ကို မူတည်သလဲဆိုတော့   မိမိနာမည်သည် ဇော်မင်းထွန်း၊ ဆရာနာမည်သည် ဆရာဇော်သန်း၊ သို့သော် မိမိတို့နှစ်ယောက်သည် နာမည်တူလည်းဖြစ်နိုင်ကြောင်း၊ ဆရာသည် ဇော်မင်းထွန်းဖြစ်နိုင်သလို မိမိသည်လည်း ဇော်မင်းထွန်းဖြစ်နိုင် ကြောင်း၊ မြန်မာလူမျိုးဖြစ်သည့်အတွက် အဖေ၊ အမေနာမည်လည်းတူနိုင်ကြောင်း၊ နေရပ်လိပ်စာ လည်းတူနိုင်ကြောင်း၊ မတူနိုင်တာကတော့ နိုင်ငံသားစိစစ်ရေးကတ်သာ မတူနိုင်ကြောင်း၊ ဆရာ့နိုင်ငံသား စိစစ်ရေးကတ်နှင့်  မိမိနိုင်ငံသားစိစစ်ရေးကတ် ဘယ်လိုမှမတူနိုင်ကြောင်း၊  ထို့ကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ကိုဆွဲထုတ်ကာ စာရင်းထဲတွင်ကြည့်လိုက်ပြီး ထိုအထဲမှာ နိုင်ငံသားစိစစ်ရေးကတ်ကို ပထမဦးဆုံးမြို့ နယ်အဆင့် စစ်ဆေးကြောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်တစ်မြို့နယ်ထဲ၌ မဲစာရင်းထုတ်ပြန် ချက်များ ပါကြောင်း၊ ထိုမဲစာရင်းထုတ်ပြန်သည့်အထဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ   ဘယ်လောက်ထပ် နေသလဲ ဆိုတာ စစ်လိုက်ပြီး စစ်လိုက်တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်ထပ်နေသည့်လူ ၇၀၀၀ ပါရင် ထိုလူ ၇၀၀၀ သီးသန့်ဖယ်လိုက်ပြီး မထပ်သည့်လူများကို စစ်စရာမလိုကြောင်း၊ ထပ်နေသည့်လူ ၇၀၀၀ ကို ဘယ်နှကြိမ် ထပ်နေသလဲဆိုတာ စစ်ဆေးကြောင်း၊ နှစ်ကြိမ်ထပ်သည့်လူ၊  သုံးကြိမ်ထပ်သည့် လူရှိကြောင်း၊ ခုနက ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြသွားသလို နိုင်ငံသားစိစစ်ရေးကတ်ထပ်သည့်အခါ အမည်လွဲပြီးတော့  နိုင်ငံသား စိစစ်ရေးကတ် ထပ်နေသည့်လူတွေ၊ ဖခင်မိခင်နှင့်မိမိအမည်အားလုံးတူကာ မဲစာရင်း မှာ နှစ်ခုထပ်နေတာ လည်းရှိကြောင်း၊ ထို့ပြင် ဖခင်အမည်လွဲပြီး အကုန်လုံးတူနေတာတွေ့ရကြောင်း၊ မိခင်အမည်လွဲပြီး အကုန်လုံးတူနေတာတွေ့ရကြောင်း၊   ထိုကဲ့သို့ အမည်လွဲရာ၌လည်း   နည်းနည်းထူးဆန်းသည့် အကြောင်း အရာက နာမည်လွဲတာကို သိပ်ပြီးအများကြီး လွဲထားတာကိုတော့ မတွေ့ရကြောင်း၊သို့သော် မဲရုံတစ်ရုံထဲမှာ ထပ်နေတာ၊ မဲရုံနှစ်ရုံ၊ သုံးရုံမှာ ထပ်နေတာတွေ့ရကြောင်း၊  ဒါသည် မြို့နယ် တစ်မြို့နယ်တည်းကို ပြောခြင်း ဖြစ်ကြောင်း၊ မြို့နယ်အဆင့်   စစ်ဆေးတဲ့အခါတွင် ၇ သန်းကျော်တွေ့ရှိရကြောင်း၊ မြို့နယ်အဆင့်ပြီးသည့် အခါ မြို့နယ်တစ်မြို့နယ်နှင့် တစ်မြို့နယ်ကြားထဲ ထပ်နေတာရှိသေးလားဆိုတာ စစ်ဆေးကြောင်း၊ ထပ်နေ တာ တွေ့ရှိပါကြောင်း၊ ဒီလူ၏နိုင်ငံသာ စိစစ်ရေးကတ်အမှတ်သည် ဥပမာပြောရရင် ပျဉ်းမနားမြို့နယ် တွင်လည်းပါကြောင်း၊ ဇေယျာသီရိမြို့နယ်တွင်လည်းပါကြောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင်လည်းပါကြောင်း၊ ၎င်း ထပ်နေသည်များကို စစ်လိုက်တော့ ၁၀ သိန်းကျော်တွေ့ရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ထပ်စစ် နေတာရှိပါကြောင်း၊ တိုင်းတစ်တိုင်းနှင့်တစ်တိုင်းကြား စစ်ဆေးနေကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းတစ်တိုင်းနှင့်တစ်တိုင်းကြားထဲမှာလည်း ထပ်နေတာမျိုးလည်းရှိနိုင်ကြောင်း၊ အခုအချိန်အထိ  စစ်ဆေး တွေ့ရှိချက် စုစုပေါင်းသည် ၈ သန်း ၆ သိန်းကျော် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Tomorrow ဂျာနယ်မှ သတင်းထောက်ကိုပိုင်လေးက ယခုလက်ရှိ တပ်မတော်က စုဆောင်းထားသည့် မဲစာရင်းများအပေါ် ဘယ်လောက်အတိုင်းအတာအထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိနိုင်မလဲ၊ အကယ်၍ တပ်မတော်က သက်ဆိုင်ရာကို ရှင်းလင်းပေးဖို့ တောင်းဆိုတာကို သက်ဆိုင်ရာက မရှင်းပေးဘူးဆိုပါက တပ်မတော်အနေနဲ့ ဘာဆက်လုပ်ဖို့ရှိသလဲဆိုတာကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သက်သေကတော့ သတင်းထောက်ကြီးများကိုပြထားတဲ့ မြို့နယ်အားလုံး စာအုပ်တွေမှာလည်းရှိကြောင်း၊ ကွန်ပျူတာထဲတွင်လည်းရှိကြောင်း၊ စာအုပ်များနှင့် ပြုစုထားကြောင်း၊ မိမိတို့တွင် သက်သေအခိုင်အလုံရှိသည့် အတွက်ကြောင့် ယခုကဲ့သို့ ခင်းကျင်းပြသတာဖြစ်ကြောင်း၊  သက်သေ အခိုင်အလုံမရှိပါက ခင်းပြစရာမရှိကြောင်း၊ ဘယ်သူနဲ့ဘယ်သူထပ်နေတယ်ဆိုတာကို တစ်အုပ်ချင်း လှန်ပြီးကြည့်၍ရပါကြောင်း၊ ကွန်ပျူတာစနစ်တွင် စစ်မည်ဆိုရင်လည်း ကွန်ပျူတာများ ဘေးတွင်ချထား ပေးကြောင်း၊ သတင်းထောက်ကြီးများအနေဖြင့်  စိတ်ပါဝင်စားမယ်ဆိုလျှင် တစ်ဦးချင်းစီ ကွန်ပျူတာမှာ ရိုက်ပြီး ရှာကြည့်လို့ရကြောင်း၊ မိမိတို့အနေဖြင့် သက်သေအထောက်အထားခိုင်လုံသည်ဟု   ပထမအချက် အနေနှင့်ပြောလိုပါကြောင်း၊ ဒါတွေကိုမလုပ်ရင်ဘာဖြစ်မလဲ၊ ပထမဦးဆုံးပြောလိုသည်မှာ မိမိတို့သည် ဒါတွေကို ဘာလုပ်တာလဲဆိုတော့ ဖြေရှင်းပေးရန်  တောင်းဆိုနေတာဖြစ်ကြောင်း၊ ဖြေရှင်းပေးဖို့ မေးမြန်း တာရှိကြောင်း၊ မြန်မာဆိုရိုးစကားရှိကြောင်း၊ အမေးရှိရင်အဖြေရှိကြောင်း၊ မိမိတို့တပ်မတော်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သည့် တည်ဆဲဥပဒေအားလုံး   လိုက်နာသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က တပ်မတော်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်နေကြောင်း၊ ထို့ကြောင့် လွှတ်တော်၊ အစိုးရနှင့့် UEC ကနေ ဒါကိုနည်းလမ်းရှာပြီးဖြေရှင်းပေးပါဟု ပြောကြောင်း၊ ထိုနိုင်ငံရေးအကျပ်အတည်းဆိုတာ ဘယ်လိုအခြေအနေ ကို ပြောတာလဲ ဆိုသည်ကိုသိလိုပါကြောင်း၊ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုတပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ကြောင်း၊ အခုလည်းလိုက်နာနေကြောင်း၊ အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားကြောင်း၊ ၎င်းတို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထား သည့်အချက်များအတိုင်း လုပ်နေကြောင်း၊ အာဏာရပါတီ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လုပ်သည်ဟုပြောကြောင်း၊ တပ်မတော်ကလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာ သည်ဟုဆိုသည့်အတွက် ဒီကြားထဲမှာ ဘာတွေကကွာဟနေသလဲဆိုတာ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံရေးအကျပ်အတည်းဆိုတာ  မိမိတို့နိုင်ငံ၏ ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကိုတပ်မတော်ကတိတိကျကျထုတ်ပြန်ပေးနေကြောင်း၊ သတင်းထောက်ကြီးများ ရှေ့မှာ တိတိကျကျချပြကြောင်း၊ ဒါတွေကိုဥပဒေနဲ့အညီ ဖြေရှင်းပေးရန် မိမိတို့တောင်းဆိုမှုပြုကြောင်း၊ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ကြောင်း၊ ဒါတွေ ဘာလို့လုပ်နေတာလဲလို့ ပြောရမည်ဆိုပါက   တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ၁၉၈၈ ခုနှစ် နိုင်ငံတော်တာဝန်ယူကတည်းကတိုင် ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုတာ ထိုနေ့မှာပဲ (၁/၈၈) စာပိုဒ် ၄ မှာ ဖော်ပြခဲ့တာဖြစ်ကြောင်း၊ မိမိတို့က ပြန်ကြားချက်တွေထုတ်ပြန်ကြောင်း၊ သဘောထားတွေ ထုတ်ပြန်ကြောင်း၊ မဲစာရင်းတွေထုတ်ပြန်ကြောင်း၊  ဘာလို့ထုတ်ပြန်တာလဲဆိုရင် နိုင်ငံရေးယဉ်ကျေးမှု၊ (Political Culture) တစ်ရပ်ကို မိမိတို့ပြု လုပ်နေတာ ဖြစ်ကြောင်း၊ မိမိတို့လုပ်ချင်တာကို လုပ်နေတာမဟုတ်ဘဲ (Political Culture) တစ်ရပ်ကို လုပ်နေတာ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေနဲ့အညီဖြေရှင်းပေးဖို့ မိမိတို့တောင်းဆိုနေတာ ဖြစ်ကြောင်း၊ ဒါကိုမလိုက်နာ၊ နားမထောင်ရင် ဘာဖြစ်မလဲ၊ လျစ်လျူရှုလိုက်ရင်ဘာဖြစ်မလဲ၊ တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေးဦးဆောင်မှု  အခန်းကဏ္ဍတွင် အစဉ်တစိုက်ပါကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမည် ဖြစ်ကြောင်း၊ ဒါတွေသည် တပ်မတော်က လိုက်နာရမည့်  တာဝန်တွေဖြစ်ကြောင်း၊ ထိုအချက်(၃)ချက်ကြောင့် တပ်မတော် အနေဖြင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ မသမာမှု ရှိ/မရှိကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနှင့်အညီ၊ ဥပဒေနှင့်အညီ ထောက်ပြပြောဆိုခြင်းဖြစ်ကြောင်း၊ တရားဝင်ပြောဆိုနေခြင်းဖြစ်ကြောင်း၊  ဒါကို ဥပဒေနှင့်အညီ ဖြေရှင်း မပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်သည်ဟု မိမိတို့ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒုတိယမေးခွန်းဖြစ်သည့် ပါတီကနေတာဝန်ရှိသူတွေက သူတို့လိုက်နာတယ်လို့ပြောကြောင်း၊ မိမိတို့ကလည်း မိမိတို့လိုက်နာတယ် ပြောကြောင်း၊ ဒါနဲ့ပတ်သက်ပြီး ဥပဒေအကြောင်းဖြစ်ပါကြောင်း၊ ဒါကတော့ အခြေခံဥပဒေထဲမှာ ဖတ်ကြည့်ရင် ရှင်းရှင်းလေးပဲဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသလိုပဲ ဥပဒေကို    လိုရာဆွဲပြီးပြောနေခြင်းသည် မသင့်တော်ဘူးဟု   ပြောချင်ပါကြောင်း၊ ဥပဒေကို လေ့လာသည့်နေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသည် အခန်းလိုက်လေ့လာရမှာဖြစ်ကြောင်း၊ အခန်း(၁)သည် အရေးကြီးဆုံး အခန်းဖြစ်ကြောင်း၊ အခြေခံမူများဖြစ်ကြောင်း၊ အခြေခံမူများ၏နောက်ဆုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်တွင် ရေးထားသည့်အရာမှန်သမျှသည် အခြေခံမူကိုပဲ ဦးတည်ရမည်ဟု ရေးထားတာရှိကြောင်း၊ ဒါကိုသတိပြုဖို့လိုတယ်လို့ မိမိပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က မဲစာရင်း အချက်အလက် ကွဲလွဲချက်များ၊ သံသယဖြစ်ဖွယ်အချက်များကို ထုတ်ပြန်သည့်အခါ မဲစာရင်းပုံစံ(၁)ကိုကိုးကားပြီး ထုတ်ပြန် တယ်ဆိုတော့ နောက်ဆုံးတတိယ အကြိမ်ထုတ်ပြန်ရာတွင် မြို့နယ် ၄၀ ကို စစ်ဆေးထားတာလို့ပြောကြောင်း၊ မြို့နယ် ၄၀ မှာ တပ်မတော်ကတွေ့ရှိထားတဲ့အချက်များထဲက ကွဲလွဲချက်များ၊  မသမာမှုပြု နိုင်သည့် အချက်များ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိနိုင်သလဲဆိုတာ သိလိုပါ ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြို့နယ် ၄၀ တွင်  တတိယအကြိမ်စာရင်းများရှိကြောင်း၊ မြို့နယ် ၄၀ မှာ အားလုံးသည် ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲစာရင်းနှင့် တတိယအကြိမ်ထုတ်ပြန်သည့် မဲစာရင်းရာခိုင်နှုန်း အနည်းငယ်သာကွာကြောင်း၊ မိမိတို့ စစ်ဆေးပြီးဖြစ်ကြောင်း၊ ထိုအထဲတွင် တတိယအကြိမ်ဆိုပြီး ပြထားတာ ရှိကြောင်း၊ ပုဗ္ဗသီရိ၊  ဥတ္တရသီရိ၊  ဇေယျာသီရိ၊ တပ်ကုန်း၊ လဲချား၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ မိုင်းတုံ၊ ဂွ၊ ကျောက်ဖြူ၊ ပင်လည်ဘူးမြို့နယ်တို့အပါအဝင် မြို့နယ် ၄၀ ရှိကြောင်း၊ ထိုမြို့နယ် ၄၀ ၏ စာရင်းစာအုပ်ကိုလည်း အသေးစိတ်လေ့လာ၍ရကြောင်း ပြန်လည် ဖြေကြားသည်။

Reuter သတင်းဌာနမှ သတင်းထောက် ဒေါ်ရွှန်းနိုင်က ယခုတပ်မတော်က ပြောကြားသွားတဲ့အပေါ်မှာ  ပြီးခဲ့တဲ့ရွေးကောက်ပွဲက Free and Fair Election မဖြစ်ခဲ့ဘူးဟုဆိုလိုချင်သလား၊ နောက်တစ်ခုက ယခုအသစ် စတင်မည့်လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ကထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမည်လား သို့မဟုတ် ဘယ်လိုမျိုးဆောင်ရွက်သွားမယ်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် တောင်းဆိုနေတာသည် Free and Fair Election ဖြစ်၊ မဖြစ်ဆိုတာသက်သေပြနေတာပဲဖြစ်ကြောင်း၊   ဒါကိုရှင်းပြပါဟု    မိမိတို့တောင်းဆိုနေတာပဲဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နောက်ဆုံး အကြိမ် ထုတ်ပြန်ချက်ထဲတွင်ပြောပြီးသားဖြစ်ကြောင်း၊ ဘာကြောင့်လုပ် နေရသလဲ ဆိုတာကို နောက်ဆုံးအကြိမ်ထုတ်ပြန်ချက်၏ စာသားအတိုင်းပဲ ပြောပြရမည်ဆိုပါက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မိမိနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်တာဖြစ်သည့်အတွက် မိမိတို့ကဝေဖန်ထောက်ပြနေရခြင်းဖြစ်ကြောင်း၊ Free and Fair Election ဖြစ်မဖြစ်ဆိုတာကိုတော့ မိမိတို့က ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲရက်၊ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ပေါ်လာသည့် အချက်များ ကိုကြည့်ပြီးမှ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ ဆုံးဖြတ်နိုင်ခြင်း ရှိ/မရှိက ဒီမှာသက်သေတွေရှိပါကြောင်း၊ ဒါပဲ ပြောချင်ပါကြောင်း၊ နောက်တစ်ခု တပ်မတော်အနေဖြင့် နောင်လာမယ့်ဟာ ကိုတော့ ဆက်လက်ပြီး စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က တပ်မတော်က ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့သည်ဟု ထုတ်ပြန်နေမှုများရှိကြောင်း၊ ထိုကိစ္စများကို ဖြေရှင်းပေးရန် အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်ကို ထိုကိစ္စများ ဖြေရှင်းပြီးမှသာ လွှတ်တော်အသစ်ခေါ်ယူရန် တောင်းဆိုထားမှုများ ရှိကြောင်း၊ သို့သော်လည်း ကော်မရှင်ဘက်က ကြော်ငြာချက်တွေသာ ထုတ်နေမှုများတွေ့ရကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ယခုလိုအပြန်အလှန်ကြေညာချက်များ ထုတ်နေမှုများ မဟုတ်ဘဲ တရားဝင်တိုင်စာပို့ပြီး   ကန့်ကွက်ထားပြီးပြီလား သိချင်ကြောင်း၊ နောက်တစ်ချက်က  ယခု မဲမသမာမှုများရှိသည်ဆိုသော ကိစ္စနှင့်ပတ်သက်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရဘက်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါသလား သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့ပြောလိုသည်မှာ မိမိတို့ကြေညာချက်များထုတ်နေသည်မှာ စာပို့ပြီး ထုတ်နေသည်မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးသိအောင် ကြေညာပြီး ထုတ်နေခြင်းဖြစ်ကြောင်း၊ ထိုအထဲတွင် လည်း ရည်ညွှန်းချက်များပါရှိကြောင်း၊ မည်သူက ဖြေရှင်းပေးပါဆိုပြီးပါရှိကြောင်း၊ နောက်ဆုံး ထုတ်ပြန် ချက်ထဲတွင် လွှတ်တော်၊ အစိုးရ ၊UEC ဖြေရှင်းပေးပါဆိုပြီး ပါရှိကြောင်း၊ ဒီထက်တရားဝင် တာရှိသေးသည်ဟု ယူဆပါက မိမိလည်းမပြောတတ်ကြောင်း၊ အိတ်ဖွင့်ပေးစာဆို သည်မှာ ဘာကြောင့်ပေးတာလဲ၊ အိတ်ဖွင့်ပေးစာဆိုသည်မှာ ပိုပြီးတရားဝင်မှု၊ တရား ခိုင်မာမှုမရှိဘူးလား၊ မိမိတို့ကြေညာနေမှုများသည် တရားဝင်ပြောနေခြင်းဖြစ်ကြောင်း၊ နောက်တစ်ချက်က မိမိတို့အနေဖြင့် မဲမသမာမှုစာရင်းများ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီးပြောလိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ ပြည်သူ များ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒကို အမြဲတမ်းလေးစားလိုက်နာသွား မည်ဖြစ်ကြောင်း၊UEC ၏ မဲမသမာမှုစာရင်းများကိုထောက်ပြနေခြင်းဖြစ်ကြောင်း၊ သက်သေအထောက်အထား အခိုင်အလုံဖြင့် တင်ပြနေခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ထင်သာမြင်သာဖြစ်အောင် ဥပမာတစ်ခုပြောပြမည်ဖြစ်ကြောင်း၊  မြန်မာမှုနယ်ပယ်က တစ်ခုကိုပြောပြမည်ဖြစ်ကြောင်း၊ မြန်မာမှုနယ်ပယ်တွင် သတင်းထောက်ကြီးများနှင့် ကျွန်တော်တို့လည်း ကြားဖူးကြောင်း၊ ဈေးဝယ်သည့်အချိန်တွင်သမာဓိချိန်ခွင်ဆိုသည်မှာရှိကြောင်း၊ မိမိတို့ ဈေးဝယ်ကြရာတွင် ရောင်းသည့်သူက ချိန်ပေးကြောင်း၊ နေ့စဉ်ဈေးဝယ်သည့်သူဆိုပါက  အလေးအချိန်  မှန်/မမှန်ကို ၎င်းက သံသယရှိကြောင်း၊ ရှင်းရှင်းပြောမည်ဆိုပါက အလေးခိုးသည်ဟု သံသယရှိကြောင်း၊ အလေးခိုးသည်ဟု သံသယရှိပါက   ဝယ်သည့်သူက  ဈေးတွင်ရှိသည့် သမာဓိချိန်ခွင်တွင် ချိန်မည်ဆိုပြီး တောင်းဆိုကြောင်း၊  ထိုသို့  ချိန်ခိုင်းသည့်သူက အပြစ်လား၊    အလေးခိုးထားမှုများကို ဘေးက အလေးခိုးနေ ကျဈေးသည်များကလည်း ဝိုင်းပြီးအာကြမှုနဲ့တင်ဝယ်သည့် သူက နောက်ဆုတ်ပေးရမှာလား၊ ခင်ဗျား ဈေးဝယ်သည့်သူဆိုပါက ထိုအတိုင်း မျက်လုံးမှိတ်ပြီးယူသွားမည်လား၊ မရရင်ဘာလုပ်မှာလဲ၊  စံသတ်မှတ် ထားသည့် သမာဓိချိန်ခွင်ပေါ်တွင် ချိန်ခိုင်းခြင်းဖြစ်ပြီး ထိုအချက်သည် အခွင့်အရေးတစ်ခုပဲဖြစ် ကြောင်း၊ ဒါက ဈေးဖြင့်နှိုင်းယှဉ်ပြီးပြောခြင်းဖြစ်ကြောင်း၊ ယခုမဲကိစ္စသည်  နိုင်ငံ တစ်ခုလုံး၏အနာဂတ်ဖြစ်ကြောင်း၊ နိုင်ငံ တစ်ခုလုံး၏ ဆန္ဒဖြစ်ကြောင်း၊ ဒါတွေကို ပြောနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မှန်ရင် အချိန်ခံရဲရမည်၊ အစစ်ခံရဲရမည်၊ တပ်မတော်အနေဖြင့် ယခုလိုတွေ့ရှိချက်များ တွေ့ရှိနေပါလျက်   ရေငုံနှုတ်ပိတ်မနေနိုင် ကြောင်း၊ နေလို့လည်းမရကြောင်း၊ ပါတီစုံဒီမိုကရေစီ၏အသက်ဖြစ်သည့် ရွေးကောက်ပွဲများတွင် တပ်မတော် အနေဖြင့် တွေ့ရှိခဲ့သည်ကို ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေ ခဲ့သည်၊ တာဝန်မကျေခဲ့ဘူးဆိုသည့် သမိုင်း တရားခံအဖြစ်မခံနိုင်ကြောင်း၊ တပ်မတော် သည် အစဉ်အဆက်ကိုင်စွဲခဲ့သည့်ဆောင်ပုဒ်တစ်ရပ်ရှိကြောင်း၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ  သစ္စာမဖောက်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ပထမမေးခွန်း၌ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် အမှတ်မမှားဘူးဆိုပါက ယခုတွေ့ရှိချက်များကိုထုတ်ပြန်မည်ဟု စပြီးပြောတုန်းက တပ်မတော်အနေဖြင့် တပ်မတော်ကလည်း မဲဆန္ဒရှင်ဖြစ်သည့်အတွက် တစ်ဦးချင်း မဲပေးခြင်းဖြစ်သည့်အတွက် တပ်မတော်သားများကပဲ တင်သွားမည်ဆိုသည်မျိုး ကော်မရှင်ကို တရားဝင် တိုင်ကြားသွားမှုကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မှန်ပါကြောင်း၊ ထိုအကြောင်းအရာများကိုလည်း တင်ပြီးဖြစ်ကြောင်း၊  ဒါပေမဲ့ ဘာ့ကြောင့်ထုတ်နေရလဲဆိုသည်မှာ ဒါနဲ့တင်မလုံလောက်၍ ထုတ်ခြင်းဖြစ်ကြောင်း၊ ယခု မဲစာရင်းဖြစ် နေသည်မှာ တစ်နိုင်ငံလုံးတွင် ၈ သန်းကျော်ဖြစ်နေကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ဒါတွေ သည် အောက်ခြေအဆင့်က တိုင်ကြားသည့်ဟာတွေနှင့် တခြားဖြစ်ပါကြောင်း၊ ဖြေရှင်းပေးရမှာသည် သာမန်မှားယွင်းမှုများ၊ သာမန်မသမာမှုမျိုးများ၊ သာမန်တွေ့ရှိချက်မျိုးမဟုတ်ဟုယူဆကြောင်း၊ ထို့ကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က တပ်မတော်သားများက မြို့နယ်အလိုက် တစ်ဦးချင်းပဲဖြစ်စေ တရားဝင်တင်ထားမှုများ၊ တိုင်ထားမှုများ အရေအတွက်မည်မျှလောက် ရှိမည်လဲဆိုသည်ကို ပြောလို့ရပါက ပြောပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့သိရသလောက်က ဒါတွေအားလုံးကိုတိုင်ကြားမှုလည်းရှိကြောင်း၊ တပ်မတော်သားများ ရွေးကောက်ပွဲ ဝင်ခဲ့သည့်၊ ဆန္ဒမဲပေးခဲ့သည့်မြို့နယ် ၂၀၀ ကျော်လုံးတွင် တွေ့ရှိချက်များကို တရားဝင်တိုင်ကြား သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ RFAသတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိုသို့မဲမသမာမှုကို တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ပြောဆိုနေမှုများရှိနေ၍ တွေ့ဆုံဆွေးနွေးသွားရန် ရှိမည်လားကို မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိတို့ ဖြေရှင်းဖို့တောင်းဆိုနေသည်မှာ နံပါတ်တစ်က အစိုးရ၊ လွှတ်တော်နှင့့် UEC တို့ကို ဖြေရှင်းရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူတွေက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တွေ့ဆုံခြင်း၊ မတွေ့ဆုံခြင်းဆိုခြင်းထက် တာဝန်ရှိသူများက ဖြေရှင်းပေးရန်ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ RFA  သတင်းဌာနမှ သတင်းထောက်  ဒေါ်သက်စုအောင်က ယခုလို မဲစာရင်းမသမာမှုဖြစ် သည်ဆိုပြီး တပ်မတော်ကလည်း တွေ့ရှိချက်များကို ပြောဆိုကြောင်း၊ တစ်ဖက် UEC ကလည်း အပြန်အလှန် ထုတ်ပြန်နေကြောင်း၊ အစိုးရ ကလည်း ပြောနေမှုများရှိကြောင်း၊ ယခုအခြေအနေများက တပ်မတော်နှင့် NLD အစိုးရ၏ ဆက်ဆံရေးကို  ပိုပြီးတင်းမာလာစေမလား၊ဘာကြောင့်လဲဆိုတော့ တပ်မတော်နှင့်  ပူးပေါင်းဆောင် ရွက်နေသည့်အပိုင်းများလည်းရှိကြောင်း၊ ဥပမာ ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများလည်းရှိကြောင်း၊ ယခုအခြေအနေများကြောင့် ထိုအချက်များကို ပိုပြီး အုပ်ချုပ်ရေး အပိုင်းမှာဖြစ်စေ ပိုပြီးထိခိုက်လာနိုင်လားကို သိချင်ကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် တွေ့ရှိချက်များကို သက်သေအထောက် အထားခိုင်ခိုင် လုံလုံဖြင့် တင်ပြနေကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှု (Political Culture) အရ ပြောရမည့် အချက်များကို ပြောနေကြောင်း၊ ဆောင်ရွက်ပေးခြင်း၊ မပေးခြင်းကတော့ တာဝန်ရှိသူများ၏ အပိုင်း ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး၏ ဆက်ဆံရေးကိုကြည့်မည်ဆိုပါက ခင်ဗျားကလည်း ကျွန်တော့်ကို တရားမျှတတယ်၊ ခင်ဗျားရဲ့အခွင့်အရေး၊ ခင်ဗျားရဲ့ Right ၊ခင်ဗျားရဲ့တာဝန်ရှိမှုအရ တောင်းဆိုသည့်နေရာမှာ ကျွန်တော်က ခင်ဗျားပြောသမျှ လျစ်လျူရှုထားရင်၊ ဂရုမစိုက်ရင် ခင်ဗျားနှင့်ကျွန်တော် တည့်နိုင်စရာ အကြောင်းရှိလား စဉ်းစားကြည့်စေလိုကြောင်း၊ ဤသည်မှာ အခြေခံအကြောင်းအချက်ပင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Press Photo Agency သတင်းဌာနမှသတင်းထောက် ဦးလင်းသူရိန်ကျော်က တပ်မတော်အ နေဖြင့် မဲမသမာမှုများကိုထုတ်ပြန်နေကြောင်း၊ ထိုအပေါ်တွင် ပြည်သူလူထုက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ရမည်လဲဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရာခိုင်နှုန်းတွက်ချက်တာကတော့ စီးပွားရေးပါရဂူများ၊ နိုင်ငံရေးပါရဂူများတောင် ရာခိုင်နှုန်းတွက်ချက်မှုမမှန်သည်ကို မိမိကိုရာခိုင်နှုန်း တွက်ချက်ခိုင်းပါက ဘယ်လိုမှန်မည်လဲ၊ မိမိပြော လိုသည်မှာ ယခုဒီမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့်ပြထားကြောင်း၊ မိမိတို့စစ်ဆေးခဲ့ သည့်ပုံစံကို ကြိုက်သည့်လူ  စစ်ဆေးနိုင်ကြောင်းကို ပြောပြီးသားဖြစ်ကြောင်း၊ တွေ့ရှိချက်များကို သတင်း ထောက်များလည်း ကြည့်သွားနိုင်ကြောင်း၊ ကွန်ပျူတာစနစ်အတွင်းမှာလည်း ဘယ်လိုလုပ်ခဲ့လဲဆိုသည်ကို ကြည့်သွား၍ရကြောင်း၊ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာချပြနေခြင်းဖြစ်ကြောင်း၊ အစစ်ဆေးခံနိုင်သည်ဟု   ပြောနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Press Photo Agency သတင်းဌာနမှ သတင်းထောက် ဦးလင်းသူရိန်ကျော်က ဥပဒေကို လက်တစ်လုံးခြား လုပ်ဆောင်သည်မှာ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်စေသည်ဆိုပြီး ဗိုလ်ချုပ် ပြောခဲ့သည့်စကားထဲတွင်ပါရှိကြောင်း၊ ယခုအချိန်မှာ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်လောက်အောင် ဥပဒေ လက်တစ်လုံးခြား လုပ်ဆောင်မှုများရှိနေပြီလား၊ မည်သည့် အဖွဲ့အစည်းများက ရှိနေလဲဆိုသည်ကို ပြောပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဥပဒေကို လက်တစ်လုံးခြားလုပ်ဆောင်ခြင်း ရှိ/မရှိက မိမိတို့၏ ထုတ်ပြန်ချက် များကို ဖတ်ကြည့်ပါက သိနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဥပဒေအကြောင်းအခြင်းအရာအရ ရှင်းထားမှုများ ရှိကြောင်း၊ လွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် ပြောဆိုခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း၊ ဥပဒေ အကြောင်းအခြင်းအရာအရ ဒါတွေသည် မကိုက်ညီဘူးဆိုပြီး ကြေညာချက် ထုတ်ပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က တပ်မတော်အနေဖြင့် မဲစာရင်းများ စိစစ်ပြီး ထုတ်ပြန်နေခြင်းမှာ (၂၉)ကြိမ်ရှိပြီး  အရင်တုန်းက ပြောထားသည်မှာ တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်ကိုပဲစိစစ်မည်ဟု  ပြောဆိုထားသော်လည်း လက်ရှိအနေအထားအရ မြို့နယ် ၃၀၀ ကျော်ကိုစိစစ်ပြီး ထုတ်ပြန်နေခြင်းကိုတွေ့ရကြောင်း၊ အဆိုပါ မဲစာရင်းစိစစ်ခြင်းကို တပ်မတော်အနေဖြင့်   လူ အင်အား မည်မျှအသုံးပြုပြီး လုပ်ဆောင်နေလဲနှင့် အချိန်မည်ကဲ့သို့ခွဲဝေပြီး လုပ်ဆောင်နေခြင်းကို သိလိုပါ ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါ မဲစာရင်းစိစစ်ခြင်းကို လူအင်အားအများကြီး သုံးစရာမလိုပါကြောင်း၊ ကွန်ပျူတာ ၄ လုံး အသုံးပြုပြီး စိစစ်လျှင် လုံလောက်ပါကြောင်း၊  အဆိုပါစိစစ်ခြင်းသည် ထူးဆန်းသည့်ကိစ္စ မဟုတ်ပါကြောင်း၊  သတင်းထောက်အနေဖြင့် ဝါသနာပါလျှင် Excel File များကိုစုပြီး မြို့နယ်တစ်မြို့နယ်ကို  တစ်ရက်လောက် အချိန်ပေးလျှင်ရနိုင်ပါကြောင်း၊ မိမိတို့လုပ်ဆောင်ထားသည့် တွေ့ရှိချက်များကို မယုံကြည် လျှင် နံပါတ်တစ် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး၊ နံပါတ်နှစ် အဓိက နိုင်ငံရေးပါတီများတွင် ကွန်ပျူတာ ကျွမ်းကျင်သူများ၊   ပံ့ပိုးနေသူများရှိသည့်အတွက် စစ်ဆေးကြည့်စေလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး 7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က PDF File ကနေ Excel File ကိုပြောင်းသည့်  နည်းပညာနှင့်ပတ်သက်ပြီး ပထမအကြိမ် မဲစာရင်းကြေညာချိန်တွင် မဲစာရင်း ထပ်နေခြင်း သည် Excel File ကို အသုံးပြုပြီး စာရင်းပြုစုခြင်းကြောင့့် UEC တာဝန်ရှိသူတချို့က အမှားရှိနိုင်တယ်လို့ ရှင်းပြထားကြောင်း၊ အခုလို အမှားရှိနိုင်သည့် Excel  နည်းပညာကို တပ်မတော်က ဘာကြောင့် အသုံးပြုရခြင်းကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်က ထုတ်ပြန်သည့်အချိန်တွင် ပထမအကြိမ်က ထုတ်ပြန်သည့် ပုံစံ(၁)မဲစာရင်းများဖြစ်ပြီး တပ်မတော်က  ထုတ်ပြန်ချက်သည် နောက်ဆုံးထုတ်ပြန်သည့် ပုံစံ(၁)မဲစာရင်း မပါခြင်းလို့ပြောဆိုကြကြောင်း၊ နောက်ဆုံးထုတ်ပြန်သည့် ပုံစံ(၁)မဲစာရင်းတွင် မြို့နယ် ၄၀ ပါကြောင်း၊ ၄၀ ပါလို့ ပြောခြင်းဖြစ်ကြောင်း၊ PDF File သည် ပြုပြင်ပြောင်းလဲလို့မရအောင်  လုပ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ PDF File ကို စာရင်းစစ်လို့ရအောင် Excel File ပြောင်းခြင်းဖြစ်ကြောင်း၊  အဆိုပါမဲစာရင်း စိစစ်ခြင်းကို Program များဖြင့် စစ်ဆေးခြင်းမဟုတ်ဘဲ  မျက်မြင်ပါ စစ်ဆေးခြင်းဖြစ်ကြောင်း၊  ယခုပြောဆို သည့် အချက်အလက်များနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အာမခံပါကြောင်း၊ အာမခံနိုင်ခြင်းကြောင့် သတင်းထောက်များရှေ့တွင်  အဆိုပါမဲစာရင်းများကို ထုတ်ပြထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

People သတင်းဌာနမှ သတင်းထောက် ဦးဖြိုးအောင်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ချက်များစွာ ထုတ်ပြန်ထားပြီး ဇန်နဝါရီလ  ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ(င၊ စ)ကို ကိုးကားပြီးထုတ်ပြန်ထားကြောင်း၊ အခုလို ထုတ်ပြန်ချိန်တွင်  တပ်မတော်အနေဖြင့် ယခင်လို အာဏာပြန်သိမ်းမည်ကို ပြည်သူလူထုက စိုးရိမ်မှုတွေရှိကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူ လူထုကို ဘာများပြောလို့ရမလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိကက ထုတ်ပြန်ချက်များကို ထုတ်ပြန်ရသည့် အကြောင်းအရင်းများကို    ဇန်နဝါရီလ ၂၀ ရက် ထုတ်ပြန်ချက်တွင် ပါဝင်ပါကြောင်း၊ ဘာကြောင့်ထုတ်ပြန်ရသလဲဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးကိုပဲ တပ်မတော်အနေဖြင့်    ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ယူ၊တာဝန်ခံရသည့် အဖွဲ့အစည်းများအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ကြောင်းကို  ပွင့်လင်းမြင်သာစွာဖော်ထုတ်ရမည်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး   မိမိတို့ဆောင်ရွက်နေမှုများသည်    မိမိတို့တည်ဆောက်ခဲ့သည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မြဲရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်မှာ အရေးကြီးဆုံးသည် ရွေးကောက် ပွဲပဲဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲသည် သံသယရှင်းရန်လိုအပ်ကြောင်း၊  သံသယမရှင်းဘဲ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး မသမာမှုဖြစ်နိုင်လျှင် တာဝန်ရှိသူများက ရှင်းပေးရန်လိုအပ်ကြောင်း၊ မိမိတို့တည်ဆောက် ထားသည့် ဒီမိုကရေစီစနစ်သည် ယိမ်းယိုင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ People သတင်းဌာနမှ သတင်းထောက်  ဦးဖြိုးအောင်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပါ  ပြည်ထောင်စုတရား လွှတ်တော်ချုပ် မှာ တရားစွဲထားကြောင်း၊ အဆိုပါ တရားစွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လာမည့်  ၂၉ ရက်တွင် ထွက်ဆိုချက်ပေးဖို့ ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါထွက်ဆိုချက်ပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ဖြေကြားလို့ မရနိုင်သေးကြောင်း၊ အဆိုပါရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးရမည့် စာချွန်တော်အမိန့်လျှောက်ထားသည့်အရာများရှိသည်ကို ကြားသိ ရကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တရားမျှတ စွာကြားနာဆောင်ရွက်လိမ့်မည်ဟု  တပ်မတော်ကယုံကြည်ပါကြောင်း၊ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှုအရ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်းအပေါ် သစ္စာခံမှုထက် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာပဲ သစ္စာခံသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမဆန့်ကျင်သည့် တည်ဆဲဥပဒေအားလုံးကို လိုက်နာ ဆောင်ရွက်သည့်အဖွဲ့အစည်းဖြစ်တာနဲ့အညီ ဥပဒေကပေးထား ချက်အတိုင်း ဆောင်ရွက်သွား ရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက တပ်မတော်ကလည်း စာရင်းဇယား တွေကို အကြိမ်ကြိမ်ထုတ်ပြန်ထားတယ်၊ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ ရွေးကောက်ပွဲတွေမှာ မဲစာရင်းမှား တယ်ဆိုတဲ့ကိစ္စကဖြစ်နေကျ ကိစ္စဖြစ်နေတာပေါ့။ ခုတစ်ကြိမ်လည်းမှားတယ်ဆိုပြီး ထပ်ပြောတယ်ပေါ့။ အရင် ရွေးကောက်ပွဲတွေမှာတော့ တပ်မတော်ကပြောဆိုတာမရှိဘူး။ တပ်မတော်ဘက်ကလည်း ခုလုပ်နေတာ တွေက အခြေခံဥပဒေကြောင့်လုပ်နေတာ အခြေခံဥပဒေနဲ့ညီတယ်။ အနိုင်ရပါတီကလည်း သူတို့အခြေခံ ဥပဒေအရဆက်လုပ်နေတာလို့ပြောတယ်။  နောက်အခြေခံဥပဒေမှာ တစ်ချက်က အငြင်းပွားစရာရှိတာက တပ်မတော်က ဘာကြောင့်   မဲစာရင်းတွေစစ်ဖို့လိုတာလဲပေါ့၊ နိုင်ငံ့ဝန်ထမ်းလည်းဖြစ်နေတော့ နိုင်ငံ့ဝန်ထမ်း က နိုင်ငံရေးပါတီတွေနဲ့ မပတ်သက်ရဘူးဆိုတာမျိုးရှိနေတာဆိုတော့၊ ခုဟာက ပြည်ခိုင်ဖြိုးနဲ့လည်း လမ်းကြောင်းကလည်းတူနေတာဆိုတော့၊ ခုဆိုရင် ပြည်ခိုင်ဖြိုးကထုတ်တောင် မထုတ်တော့ဘူး။ တပ်မတော် ကထုတ်တဲ့ မဲစာရင်းအတိုင်းပဲလို့ပြောတယ်၊ အဲဒီကိစ္စ ရှင်းပေးစေလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ဖတ်ဖို့ အကြံပေး လိုပါကြောင်း၊ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်ရမည်ဆိုသည့် အချက်သည် အကြောင်းမဲ့ ရေးထားခြင်းမဟုတ်ကြောင်း၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဆိုတာ ဘာလဲဆိုသည့်အချက်ကို ဂဃနဏသိဖို့လိုသည်ဟု အကြံပြုလိုပါကြောင်း၊ တပ်မတော်သည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ရွေးကောက်ပွဲမှာ အမှားအယွင်းရှိနေတာကို ရေငုံနှုတ်ပိတ်နေလို့မရကြောင်း၊ သမိုင်းတရားခံအဖြစ် မခံနိုင် ကြောင်း၊  ထို့ကြောင့် ဒီအလုပ်ကိုလုပ်နေရကြောင်း၊  မဲစာရင်း အမှားအယွင်းရှိတယ်။ ၂၀၁၅ ခုနှစ်က ဘာကြောင့် မကန့်ကွက်လဲ ဆိုတာသည် ကန့်ကွက်သည့်သူများရှိခဲ့ကြောင်း၊ ဘာတွေကန့်ကွက်သလဲ ဆိုသည်များကို သတင်းထောက်များပိုသိမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဦးတင်အေး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုရှင်းပေးခဲ့သလဲ မီဒီယာများ သိမည်ဖြစ်ကြောင်း၊   ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကို မီဒီယာတွေအားလုံးက ဝိုင်းပြီးမေးကြလို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ မီဒီယာ များသိမည်ဖြစ်ကြောင်း၊ ခုမိမိတို့မေးနေပါကြောင်း၊ မီဒီယာများလည်း မေးနေတာဖြစ် ကြောင်း၊ ဘာများအဖြေရကြသလဲ၊ ဘာများရှင်းဖူးတာရှိသလဲ၊ ဘာများရှင်းပေးလဲ၊ ကွာခြား ချက်က ထိုအရာများဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ဘယ်သူနိုင်ခဲ့ကြောင်းကို မီဒီယာများသိပြီး ဖြစ်ကြောင်း၊ ဘာကြောင့် တပ်မတော်က မကန့်ကွက်သလဲ။ ၂၀၁၅ ခုနှစ်တွင် ကန့်ကွက်စရာ မဲစာရင်းအမှားအယွင်း ထိုမျှလောက်မတွေ့ကြောင်း၊   မီဒီယာသမားများပြောသလို မဲစာရင်းအမှားအယွင်းရှိခဲ့တယ်။ ယခုကဲ့သို့ရှိခဲ့ လျှင် ပြပါလို့ပြောလိုကြောင်း၊ ယခု ၈ သန်းကျော်မှားနေကြောင်း၊ မိမိတို့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီမလုပ်ရသေးကြောင်း၊ တိုင်းအဆင့်အချင်းချင်းကို ၈ သန်းကျော်ရှိပြီဖြစ်ကြောင်း၊ ယခင်က ယခုလောက်မှားခဲ့တာရှိလျှင် သက်သေရှိလျှင်ပြပါလို့ပြောလိုကြောင်း၊ အခြားနိုင်ငံများ၏ မဲစာရင်း လူဦးရေ ၅၁ သန်း၊ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းမှာ ၈ သန်းခန့်မှားသည့် မဲစာရင်းများရှိလျှင်ပြပါလို့ တောင်း ဆိုလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြောင့် တပ်မတော်ဆိုသည့် အဖွဲ့အစည်းမှာ ဘာများအခက်အခဲရှိပါသလဲ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အနားယူရမယ်လို့   ကျွန်တော်တို့နားလည်ထားတယ် စသဖြင့်ပေါ့၊   ဘာတွေများ အခက်အခဲရှိပါသလဲဆိုတာ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ဘာမှအခက်အခဲမရှိ ကြောင်း၊ တပ်မတော်အနေဖြင့် အခက်အခဲတစ်ခုက မိမိတို့တွေ့ရှိချက်များကို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာထုတ်ပြန်၊ ချပြနေတာကို   တာဝန်ရှိ သူများက ရေငုံနှုတ်ပိတ်နေပြီး သူတို့ကိုယ်သူတို့ သမိုင်းမှာ တရားခံဖြစ်အောင်လုပ်နေတာ တစ်ခုပဲ၊ တပ်မတော်အနေဖြင့် အခက်အခဲရှိတာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

U Htet Aung Phyo from Nikkei Asia news agency said, "My fi rst question is military announced today many election frauds, and over 8.6 million. So does the military accept the results of the election?"

Nikkei Asia သတင်းဌာနမှ သတင်းထောက် ဦးထက်အောင်ဖြိုးက တပ်မတော်အနေဖြင့် ယခုလို ၈ ဒသမ ၆ သန်းကျော်လောက် မဲစာရင်းမှားယွင်းမှုများကို တပ်မတော်က ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဒီလိုအနေ အထားမျိုးမှာ တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်သည့် အနေအထားရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းသည်။

Brigadier General Zaw Min Tun responded that it would mainly depend on how they will tackle with these election frauds.

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိကက လက်ခံနိုင်သည့်အနေအထားရှိ^မရှိဆိုတာက ပြန်လည်ဖြေရှင်းပေးမှု အပေါ်တွင်သာ မူတည်လိမ့်မည်ဟုပြောလိုကြောင်း ပြောကြားသည်။

U Htet Aung Phyo from Nikkei Asia news agency continued, ''My second question is today military also mentions non-NRC holders are also on the list. So did they really vote on the election day or are they just repeated on the eligible voter lists?"

ဆက်လက်၍ Nikkei Asia သတင်းဌာနမှ သတင်းထောက် ဦးထက်အောင်ဖြိုးက ယနေ့တင်ပြသွားသည့် မဲစာရင်းမှားယွင်းမှုများတွင် နိုင်ငံသားစိစစ်ရေး ကတ်မရှိသည့်သူများ ပါသည်ဟု ထည့်သွင်းပြော ကြားမှုများ ရှိကြောင်း၊   ထိုအဖွဲ့တွေက တကယ်ပဲမဲပေးခဲ့ခြင်းလား သို့မဟုတ် စာရင်းမှာသာ ထပ်နေခြင်းလား ဆိုသည်ကို လည်း သိချင်ပါကြောင်း မေးမြန်းသည်။

Brigadier General Zaw Min Tun responded that UEC announced these non-NRC holders had the rights to cast their votes even just endorsing the identification slips; we learnt from the announcement issued by UEC that non-NRC holders cast their votes; there of the question we should ask was that whether they really cast their votes or not, and as everyone believe, the little fingers of all voters were inked after casting their votes; however, in fact, not everyone was inked during the advanced polling period; Tatmadaw released the findings of repeated voter lists, and asked for the answer why the voters were repeated in the lists; according to those who assessed the lists, there were a total of 11 types of repeated lists as in all facts like voter's name, his or her parent names are same, on the other hand, the only point is same, but the rests are different; at such situations, the voters had cast their votes during the advanced polling period; and in consequences, Tatmadaw released the findings on scrutiny of voter lists.

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံသား စိစစ်ရေးကတ်မရှိသည့်သူများလည်း စလစ်ဖြင့်မဲပေးခွင့်ရှိကြောင်းကို  UEC  က  ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့်   မိမိတို့ အနေဖြင့်သိရှိသည်မှာ နိုင်ငံသားစိစစ်ရေး ကတ်နှင့် ပတ် သက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသည့်သူများ မဲပေးခဲ့မှုများကို ထုတ်ပြန်ချက် အရသိရကြောင်း၊ နောက်တစ်ချက်က စာရင်းအရ တကယ်ပဲမဲပေးခဲ့လား၊ လူတိုင်းလည်းပြောနေကြသည်မှာ လက်သန်းမှာ မင်ဆွတ်ခဲ့ရကြောင်း၊ ကြိုတင်မဲပေးခဲ့သည့်လူတိုင်း လက်သန်းမှာ မင်မဆွတ်ခဲ့ ရကြောင်း၊ နောက်တစ်ခု ထပ်ပြောချင်သည်မှာ မိမိတို့ထုတ်ပြန်သည်မှာ ထပ်နေသည့်စာရင်းများကိုထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထပ်နေသည့်စာရင်းများသည် ဘာကြောင့် ထပ်နေလဲဆိုသည်ကို မိမိတို့အနေဖြင့်လိုချင်ကြောင်း၊ စစ်ဆေး သူများ၏ တွေ့ရှိ ချက်အရ ထပ်နေသည့်ပုံစံမျိုး ၁၁ မျိုးရှိကြောင်း၊ ၎င်းတို့မှာ အမည်တူ၊ မိခင်တူ၊ ဖခင်တူ စသည်ဖြင့် အားလုံးတူမှုများလည်းရှိကြောင်း၊ တစ်ခုလေးပဲလွဲပြီးတူနေတာရှိကြောင်း၊  အားလုံးလွဲနေမှုများ လည်းရှိကြောင်း၊   ဒါမျိုးတွေရှိသည့်အချိန်မှာ ကြိုတင်မဲများပေးခဲ့ရကြောင်း၊   မဲနှင့်ပတ်သက်ပြီး ထိုကိစ္စများ သည် မသမာမှုရှိနိုင်သည်ဆိုပြီး ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

DVB သတင်းဌာနမှ သတင်းထောက် ဦးနေဖြိုးဝင်းက အဓိကသိလိုသည်မှာ မဲစာရင်းမှားနိုင်တာ၊ မဲစာရင်းထပ်နေတာများက မဲစာရင်းမသမာမှုများဖြစ်စေပါသလား၊ မဲစာရင်းမသမာမှုနဲ့ ထပ်တူကျနိုင်ပါ သလား၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဲမသမာမှုရှိနေတာလားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိတို့အနေဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း မဲစာရင်းမသမာမှုဖြစ်နိုင် သည့်စာရင်း ဟုပါပြီးဖြစ်ကြောင်း၊ ဘာကြောင့်ဖြစ်နိုင်သည်ကို ပြောပြီးဖြစ်ကြောင်း၊ စုစုပေါင်းလူဦးရေ ၅၁ သန်း၊ မဲပေးခွင့်ရှိသူ ၃၈ သန်းမှာ ၈ သန်းလောက်ကထပ်နေကြောင်း၊ တူနေကြောင်း၊ ဒါသည်ထုတ်ပြန်ချက် အကုန်မပြီးသေးကြောင်း၊ တစ်နိုင်ငံလုံး စစ်ဆေးချက်အကုန်မပြီးသေးကြောင်း၊ မြို့နယ်အဆင့်စစ် ဆေးချက် နှင့် တိုင်းအဆင့်စစ်ဆေးချက်သာဖြစ်ကြောင်း၊ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုသည်ကို ဘယ်သူ တွေ ဘယ်လိုပေးခဲ့တယ်ဆိုတာကို ရှင်းလိုက်လျှင် ရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ DVB သတင်းဌာနမှ သတင်းထောက် ဦးနေဖြိုးဝင်းက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဲမသမာမှုရှိတယ်ဟုဆိုလိုလို့ရမလား   သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုလိုလို့သာ မိမိတို့ထုတ်ပြန်နေခြင်းဖြစ်ကြောင်း၊ မဆိုလိုလျှင် ဘာကြောင့် ထုတ်ပြန်ပါမည်လဲဟု ဖြေကြားသည်။

Asahi Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက တပ်မတော်အနေဖြင့် ယခုလို ဆောင်ရွက်နေခြင်းသည် အခြေခံဥပဒေကို မယိမ်းယိုင်အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် တာဝန် ရှိသည့်အတွက်၊ ဒါတွေတည့်မတ်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းကို နားလည်ပါကြောင်း၊ တပ်မတော်က အခြေခံဥပဒေကို စောင့်ရှောက်နေတယ်လို့ပြောသည့်အတွက် တပ်မတော်အနေဖြင့် အာဏာသိမ်းမည်လားဆိုသည့် စိုးရိမ်မှုများရှိနေကြကြောင်း၊ ဗိုလ်ချုပ်ပြောပုံအရ တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု မှတ်ယူလို့ရနိုင်မည်လား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မရပါဘူး၊ တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟုမှတ်ယူ၍ မရပါကြောင်း၊ တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို လိုက်နာသွားမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ် မယိမ်းမယိုင်နိုင်အောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေ များကို လေ့လာကြည့်လျှင် သိနိုင်ပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ယူမည်၊ မယူဘူးမပြောလိုကြောင်း၊ တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲ ဥပဒေများကို မဆန့်ကျင်ဘဲ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Asahi Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက တပ်မတော်၏ မဲစာရင်း မသမာမှုများနှင့်ပတ်သက်၍   မိမိတို့နားလည်သလောက်  လွှတ်တော်က  မဲစာရင်းနှင့်ပတ်သက်၍ UEC ၏ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်သည်ဟု ပြောထားကြောင်း၊ အစိုးရဘက်ကလည်း အလားတူ ပုံစံမျိုး ပြောထားသည်ဟု နားလည်ပါကြောင်း၊ ယခုလွှတ်တော်အသစ်ကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတော့မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် သူတို့ဘက်ကမရှင်းလင်းဘူးဆိုလျှင် ဆက်လက်ဆောင်ရွက် သွားဖို့၊ ဘယ်အချိန်မှာ ဘာလုပ်ဖို့ ရှိပါသလဲသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်ရမည်များရှိကြောင်း၊ ဒါနဲ့ပတ်သက်ပြီး အပိုမဖြေနိုင်ပါကြောင်း ဖြေကြားသည်။

Myanmar Times သတင်းဌာနမှ သတင်းထောက် ဦးစိုင်းဝဏ္ဏက တပ်မတော် က ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်ပြီး Statement တွေ အမျိုးမျိုးထုတ်နေတာက ရွေးကောက်ပွဲအပြီး   နှစ်ပတ်လောက်က တည်းက ဆက်တိုက်ဆိုသလို ထုတ်နေတာပေါ့၊ တော်တော်များများလည်း ထုတ်ပြန်ပြီးပြီ၊ ဒါပေမဲ့ UEC က ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းတာမျိုးမရှိသေးဘူးပေါ့၊ တကယ်လို့ UEC က မဖြေရှင်းဘူးဆိုရင် ဒီရွေးကောက်ပွဲ ရလဒ်ကို တပ်မတော်က အသိအမှတ်မပြုဘူးလား၊ အဲလိုပြောနိုင်မလား သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေရှင်းပေးမှုအပေါ်မှာ မူတည်လိမ့်မယ်လို့ ပြောခဲ့ပြီးသားဖြစ်ပါကြောင်း။ ဖြေရှင်းပေးဖို့က UEC တစ်ခုတည်း ဖြေရှင်းပေးဖို့တောင်းဆိုတာ မဟုတ်ကြောင်း၊   နောက်ဆုံးထုတ်ပြန်ချက် ထဲမှာပြည်ထောင်စုလွှတ်တော်ကလည်းကောင်း၊ နိုင်ငံတော်အစိုးရကလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင် ကလည်းကောင်း ဖြေရှင်းပေးနိုင်ပါရန်ဆိုပြီး တောင်းဆိုခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Times သတင်းဌာနမှ သတင်းထောက် ဦးစိုင်းဝဏ္ဏက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်စေ ရမယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။ တပ်မတော်ကလည်းဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက် တယ်ဆိုပြီးပြောတယ်။  ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်စေ ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရာမရောက်ဘူးလားမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခြေခံဥပဒေမှာ ပထမဦးဆုံးအရေးအကြီးဆုံးက အခန်း(၁)ဖြစ်ကြောင်း၊ အဆိုပါအခန်း(၁)တွင် ကျင့်သုံးမည့်စနစ်သည် စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်လို့ ဖွင့်ဆိုထားကြောင်း၊  စည်းမဲ့ကမ်းမဲ့ဒီမိုကရေစီစနစ် မဟုတ်ကြောင်း၊ ဥပဒေနှင့်အညီ Political Culture နိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေ နှင့်အညီ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာဖြစ်ကြောင်း၊ စည်းကမ်းတကျဖြေရှင်းပေးဖို့ တောင်းဆို နေတာဖြစ်ကြောင်း၊ နောက်တစ်ချက်က ခုနကပြောသည့် အပြီးအပြတ် ဖြစ်သည်ဆိုသည့် စကားနှင့် ပတ်သက်ပြီး ဥပဒေကြောင်းခြင်းအရ  ငြင်းခုံတာတွေ များစွာရှိကြောင်း၊ ထိုသို့ငြင်းခုံသည့်အထဲတွင် မိမိတို့မပါဝင်လိုကြောင်း၊ ဝင်ရောက်၍ လည်းမငြင်းလိုကြောင်း၊ ဒါနဲ့ပတ်သက်ပြီးပြောစရာ အချက်အလက် တွေများစွာရှိကြောင်း၊ အပြီးအပြတ်ဖြစ် သည်ဆိုသည့်နေရာတွင် အပြီးအပြတ်ဖြစ်သည်ဆိုတာကို ဆောင်းပါး တွေမှာလည်း  ရေးထားတာရှိကြောင်း၊ အပြီးအပြတ်ဖြစ်စေနိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် အပြီးသတ် ဆုံးဖြတ်ချက်များဆိုပြီး ရေးသားထားတာတွေကိုလည်း ဖတ်ရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  ပြန်လည်ချေပထားတာတွေလည်း ဖတ်ရကြောင်း၊ ဥပဒေကြောင်းခြင်းအရသိလိုလျှင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဥပဒေပညာရှင်များ ရေးသားထားသည့်ဆောင်းပါးများကို ယခုသတင်းစာရှင်းလင်းပွဲပြီးလျှင် စာရွက်များပေးလိုက်မည်ဖြစ်ကြောင်း၊ ယုတ္တိဗေဒနည်းအရပြောရလျှင် နံပါတ်တစ်အနေဖြင့် ငယ်ငယ်က တည်းက ပညာသင်ကြားခဲ့သည့် စာအုပ်တွေမှာ အခန်း(၁/၂/၃/၄) ဆိုပြီး ရေးထားတာကို တွေ့ရမှာ ဖြစ်ကြောင်း၊ အခန်း(၁)က မြေအကြောင်း၊ အခန်း(၂)က ရေအကြောင်း၊ အခန်း(၃)က လေအကြောင်း ရေးထားတယ်၊ အဲလိုရေးထားတဲ့အခါမှာ အခန်း(၁)ကမြေသည်   မြေ၏ သတ္တိရှိကြောင်း၊ အခန်း(၂)ကရေ သည် ရေ၏သတ္တိရှိကြောင်း၊ အခန်း(၃)လေသည် လေ၏သတ္တိရှိကြောင်း၊  အဲဒီလိုရေးထားသည့်နေရာမှာ အခန်းတစ်ခုနှင့်တစ်ခု ပြဋ္ဌာန်းထားတာမတူညီကြောင်း၊ သတင်းထောက်ကြီးပြောသည့်   အကြောင်းအရာ သည် အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်းအပိုင်းဖြစ်ကြောင်း၊    ရွေးကောက်တင်မြှောက်ခြင်းအပိုင်းသည် အခန်း(၁)ကိုမလွှမ်းမိုးနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါရွေးကောက်တင်မြှောက်ခြင်းအပိုင်းကို အခန်း(၉)တွင် ရေးထားခြင်းဖြစ်ကြောင်း၊ အခန်း(၂)ကို လွှမ်းမိုးစရာအကြောင်းမရှိကြောင်း၊ ဒါတွေကိုတော့ သတိပြုရန် လိုအပ်သည်ဟုပြောလိုကြောင်း၊ ဥပဒေကြောင်းခြင်းအရ ဖတ်စရာများကို ပေးလိုက်မည်ဖြစ်၍ ဖတ်ကြည့်ကြ စေလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Times သတင်းဌာနမှ သတင်းထောက် ဦးစိုင်းဝဏ္ဏက စောစောကပြောတဲ့အထဲမှာ ကျန်သွားတဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော် ကတောင်းဆိုထားတာ သုံးခုရှိကြောင်း၊ အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ UEC သုံးခုစလုံးက မဖြေရှင်းပေးဘူးဆိုရင် ဒီရလဒ်ကို   လက်မခံဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါရလဒ်ကို လက်ခံခြင်း၊ လက်မခံခြင်းမှာ ဖြေရှင်းပေးသည့်အပေါ် မူတည်ကြောင်း၊ ဖြေရှင်းမပေးပါက လုပ်ဆောင်မည့်အရာတွေကို ပြောပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့်   ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ဘဲ တည်ဆဲဖြစ်နေသည့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တွေ့ ရသလောက်ကတော့ မဲစာရင်းကိစ္စတွေ အများဆုံးတွေ့ရကြောင်း၊ အဲဒါတွေက ကွန်ပျူတာနဲ့စစ်ထားတာဆို တော့ အဲဒါတွေကို မြေပြင်မှာစစ်ဆေးဖို့ ရှိပါသလား မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြေပြင်မှာ စစ်ဖို့ကတော့ UEC ၏တာဝန်သာဖြစ်ကြောင်း၊ UEC ၏တာဝန်ဆိုတာ မဲပေးသည့်သူတွေသည် မဲရုံတစ်ရုံမှာ ဘယ်လောက်မဲပေးခဲ့တယ်ဆိုတာ သူတို့ဆီမှာ စာရင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ မိမိတို့ကထပ်နေသည့် သူများစာရင်းကို ထုတ်ပြန်ပြီးသားရှိကြောင်း၊  အဲဒီနှစ်ခုကို  ယှဉ်ပြီး စစ်ဆေး၍ရကြောင်း၊ ယှဉ်ပြီးစစ်ဆေးသည့်နေရာမှာ ဒီမြို့နယ်တစ်ခုမှာ မဲပေးခဲ့သည့်သူ ဘယ်လောက်ရှိသည် ဆိုသည်ကို UEC မှ တရားဝင်ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အဆိုပါနှစ်ခုကိုပါ ယှဉ်၍စစ်ဆေးနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က မြေပြင်မှာမစစ်ရသေးတဲ့ဟာတွေ၊    ဒါတွေကိုထုတ်ပြန်တယ်ဆိုတော့ ဒီထုတ်ပြန်ချက်တွေက   ရာနှုန်းပြည့်မှန်ကန်မှုရှိပါ့မလား မေးမြန်းသည်။

 ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြေပြင်မှာမစစ်ရသေးသည့်အတွက် မိမိပြောချင်တာက ရာနှုန်းပြည့် မှန်စရာမရှိကြောင်း၊ သို့သော် ဒီစာရင်းထဲမှာပင် ရှစ်သန်းကျော် ဘာကြောင့်ဖောင်းပွနေတာလဲ၊ ဘာရည်ရွယ် ချက်နှင့် ဖောင်းပွနေတာလဲ။ ဒါတွေကို ရှင်းခိုင်းနေတာဖြစ်ကြောင်း၊ မြေပြင်မှာစစ်မည်ဆိုပါက ပို၍စစ်ဆေး စေချင်သည်ဟုပြောလိုကြောင်း၊ ပို၍စစ်ဖို့လိုလားကြောင်း၊ ပိုပြီးစစ်ဖို့ကြိုဆိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ရွေးကောက်ပွဲရလဒ်ကို အကြောင်း ပြုပြီး အမျိုးသားရေးအင်အားစုလို့အမည်ခံတဲ့ ပုဂ္ဂိုလ်တွေက မကြာမီ ကြားရသလောက်ကတော့ ယခုလ  ၂၉ ရက်နေ့လို့သိရကြောင်း၊ အဲဒီနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရှိတဲ့ ဇေယျာသီရိမြို့နယ် ဆိုင်းဘုတ် အနားမှာ သူတို့စုဝေးပြီး မျိုးချစ်တပ်မတော်ကိုထောက်ခံကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ   တပ်မတော်ကနေ တိုင်းပြည်ကိုကယ်တင်ပေးဖို့ဆိုတဲ့ စုရုံးပွဲတစ်ခုလုပ်ဖို့ရှိပါတယ်။ အဲဒီမှာ ဦးဆောင်မယ့် မိုက်ကယ်ကျော်မြင့်ဆိုသူရေးထားတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့ ကျောက်တိုင်စိုက်ပွဲကို တပ်မတော်က မော်တော်ကားကူညီပေးဖို့ တောင်းခံထားတယ်လို့သိရပါကြောင်း၊   အဲဒီတော့ ဒီပွဲကို တချို့က  ဝေဖန်နေတာက တပ်မတော်က  Sponsor ပေးပြီးလုပ်နေတာလားဆိုပြီး ဝေဖန်နေတာတွေရှိပါကြောင်း၊ ဒီပွဲနဲ့ပတ်သက်ပြီး   တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် Sponsor လုပ်စရာမရှိကြောင်း၊ ဝန်းရံသူတွေတော့ ရှိနိုင်ကြောင်း၊ ဝန်းရံသူတွေဝန်းရံတာကို  အပြစ်မဟုတ်ဘူးဟုပြောလိုကြောင်း၊ အဖွဲ့အစည်းတိုင်းမှာ ဝန်းရံသူ တွေရှိနိုင်ကြောင်းပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက်   ဦးထက်နိုင်ဇော်က တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးရှေ့မှာ ကျောက်တိုင်လာစိုက်မယ်ဆိုပြီး မြေနေရာ တောင်းထားတာကို တပ်မတော်အနေနဲ့ လက်ခံပါသလား   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့ဟု မပါကြောင်း၊ သတင်းထောက်ကြီး ဘာတွေကိုဖတ်ပြီး ပြောနေသည်ဟုမသိကြောင်း၊ သူတို့ကျောက်တိုင်စိုက်မည့်နေရာ အတိအကျလည်း ပါကြောင်း၊ သတင်းထောက်ကြီးတို့ ယခုသတင်းစာရှင်းလင်းပွဲကို လာသည့်လမ်းမှာတွေ့လိမ့်မည်ဖြစ်ကြောင်း၊ လမ်းမှာ ရဲတပ်ရင်းတွေ စောင့်နေတာတွေ့ရမှာဖြစ်ကြောင်း၊ အဆိုပါကျောက်တိုင်စိုက်မည့် နေရာဟု ပြောသည့်နေရာကို လူတိုင်းသိပါကြောင်း၊ ဘာ့ကြောင့်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့ဟု ပြောနေခြင်းကိုမသိကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က COVID-19 ရောဂါ ကာကွယ်ဆေး ထိုးရန် အစိုးရအနေဖြင့် စတင်လုပ်ဆောင်နေပြီဟုသိရကြောင်း၊   တပ်မတော်အနေနဲ့ တပ်မတော်သားများကို   COVID-19 ရောဂါကာကွယ်ဆေး မည်သည့်အချိန်တွင် စတင်ထိုးနှံပေးမည်ကို သိလိုကြောင်းနှင့် အစိုးရ၏ ဝေစုမှာ သူတို့စဉ်တာပေါ့နော်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ နောက်ပြီး လွှတ်တော် ကိုယ်စား လှယ်တွေတော့တွေ့ရပြီး အဲဒီမှာ တပ်မတော်အတွက် မတွေ့ရလို့   ဝေစုရ/မရဆိုတာသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောနိုင်တာကတော့ တပ်မတော်အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သတင်းထောက်တွေကိုလည်း မကြာခဏ ပြောဆိုထားကြောင်း၊ ဒါ့အပြင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး ရန်ပုံငွေအထဲမှာလည်း ပါဝင်လှူဒါန်းခဲ့တာရှိကြောင်း၊ ဝေစုနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရတွင် သူ့အစီအစဉ်နှင့်သူရှိလိမ့်မည်ဟု ပြောလိုကြောင်း၊ တပ်မတော်အနေဖြင့် ထူးခြားပြီး လုပ်စရာ မရှိကြောင်း ပြန်လည်ဖြေကြားသည်။

Dr. Naing Swe Oo from Thayninga Institute for Strategic Studies said, “May I ask you in English, Sir. Because our institute is a research institute and I want your official response in English version for the research purpose. I am Dr. Naing Swe Oo from Thayninga Institute for Strategic Studies. As we all know, Myanmar Defence Services has the right to defend the constitution like in other countries. Now I understand that Myanmar Defence Services has tons of concrete evidence regarding election frauds. I have two questions. The fi rst one is that I want to know what will be the next step of Myanmar Defence Services for those election frauds. And second is that will all that evidence be transferred to Supreme Court?”

Thayninga Institute for Strategic Studies က ဒေါက်တာနိုင်ဆွေဦးက မိမိတို့ Institute က သုတေသနကို အဓိကထားပြီးဆောင်ရွက်တဲ့ Institute ဖြစ်သည့် အတွက် ယနေ့မေးမြန်းမှုများကို အင်္ဂလိပ်လို မေးမြန်းခွင့်ပြုပါ၊  မိမိသိထားသည်မှာ အခြားသော   နိုင်ငံများမှာလို   မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်ရန်တာဝန်ရှိကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးခွန်းနှစ်ခုမေးမြန်းလို ကြောင်း၊ ပထမတစ်ခုက ယခုလိုတွေ့ရှိရသည့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ နှင့်ပတ်သက်ပြီး တပ်မတော်က နောက်ထပ်တစ်ဆင့်ဆောင်ရွက်မည့်အကြောင်းအရာ ကိစ္စကိုသိရှိလိုကြောင်း၊ နောက်တစ်ခုက တွေ့ရှိထား သော မဲမသမာမှုစာရင်းများကို Supreme Court ကို ပို့ဆောင်မည်လားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

Brigadier General Zaw Min Tun responded that Tatmadaw will take all available measures including sending all evidence to support legal actions accordingly; applications of writs was already filed to Supreme Court; besides, Tatmadaw will take all available legal actions; in response to what will be the next step of Myanmar Defence Services, the answer was same as aforementioned; and Tatmadaw as being the institution that has to abide all enactments in the constitution and in the existing laws which do not go against the constitution, we will be continuing all processes in corresponding with legal provisions conferred to Tatmadaw.

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် ပြောရရင် ဥပဒေအရအကျုံးဝင်သည့် အရာမှန်သမျှကို ပို့ဆောင်ခြင်းအပါအဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စာချွန်တော်လျှောက်ထားမှုသည်လည်း လျှောက် ထားပြီးဖြစ်ကြောင်း၊  ထို့အပြင် ဥပဒေအရ အကျုံးဝင်သည့်အရာများကိုလည်း ဆက်လက်လုပ်ဆောင် သွားရန်ရှိကြောင်း၊ နောက်ထပ်တစ်ဆင့် ဘာလုပ်မည်လဲဆိုသည်ကို မိမိပြောခဲ့သည့်အဖြေအတိုင်းပဲ ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံနှင့်မဆန့်ကျင်သည့် တည်ဆဲ ဥပဒေအားလုံးကို   လိုက်နာဆောင်ရွက်သွားရမည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ဥပဒေပေးထားချက် အတိုင်း  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

အကုန်သိသတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးဝင်းက အခုသတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ဘက်ကပြောသွားတဲ့ဟာတွေက ဘာတစ်ခုမှရှင်းလင်းပြတ်သားတဲ့အဖြေတော့ အခုထိမတွေ့သေးကြောင်း၊ တပ်မတော်ဘက်က ဘာဖြစ်ချင်တာလဲမသိဘူးပေါ့၊ အခုမေးခွန်းလေးတစ်ခုလောက်မေးချင်ပါကြောင်း၊ တပ်မတော်က သမိုင်းတရားခံမဖြစ်ချင်ဘူးပေါ့၊ အခုရွေးကောက်ပွဲ တရားမျှတမှုမရှိဘူး၊ မဲစာရင်းတွေ မှားယွင်း နေသည်ဟု  တပ်မတော်ကယူဆတယ်၊ ဒါကြောင့် တပ်မတော်က အချက်အလက်တွေထုတ်တယ်၊ ဒါကြောင့် မမျှတတဲ့အတွက် UEC ကဖြေရှင်းပေးပါပေါ့၊ UEC ကမဖြေရှင်းပေးရင်  ဘာလုပ်မလဲဆိုတာကို သတင်းသမားတွေ   ဝိုင်းမေးကြောင်း၊ ဘာလုပ်မယ်ဆိုတဲ့အဖြေကို   တိတိကျကျမထုတ်ဘူးပေါ့၊ တပ်မတော် က အဲ့ဒါဆိုရင် မှတ်တမ်းအဖြစ်နဲ့ပဲ၊  တစ်ခုခုအဖြစ်နဲ့ပဲ လုပ်တာလား၊  တကယ်အမှန် တရားကို လိုချင်လို့ လုပ်တာလား၊ ရလဒ်တစ်ခုခု ထွက်ချင်လို့လုပ်တာလား၊ ဘာကိုရည်ရွယ်ထားတယ်ဆိုတာကို အခုထိ ရှင်းမပြ သေးဘူးဆိုရင် ပြည်သူလူထုတွေက မေးခွန်းတွေအများကြီး  ဝိုင်းပြီးမေးနေကြကြောင်း၊ အဖြေက မထွက်နိုင် သေးတာလား ဘာဖြစ်ချင်တာလဲ၊  အဲ့ဒါလေးသိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မှတ်တမ်းအဖြစ်တင်လုပ်နေတာ မဟုတ်ကြောင်း၊ ရည်ရွယ်ချက်ကတော့ တပ်မတော်သည်  သမိုင်းတရားခံအဖြစ်  မခံနိုင်ကြောင်း၊ ရွေးကောက်ပွဲတွေ့ရှိချက်နဲ့ပတ်သက်ပြီး မိမိတို့တွေ့ ရှိချက်တွေကို ရေငုံနှုတ်ပိတ်မနေနိုင်ကြောင်း၊ ဖြေရှင်းပေးသင့်တဲ့သူတွေက ဖြေရှင်းပေးဖို့တောင်းဆိုမှာ ဖြစ်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီး ခုနကမေးသွားတဲ့အထဲမှာပါကြောင်း၊ ဘာဆက်လက်လုပ်ဆောင်မလဲ၊ ဥပဒေနဲ့ အကျုံးဝင်တာမှန်သမျှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီလောက်ပဲ မိမိအနေဖြင့် ပြောချင်ပါ ကြောင်းပြန်လည်ဖြေကြားသည်။

ဆက်လက်၍   အကုန်သိသတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးဝင်းက တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေ၊ ထုတ်ပြန်ချက်တွေက အိန္ဒိယကားတွေကဲ့သို့ အခန်းဆက်တွေရှည်နေကြောင်း၊ တပ်မတော်က ဘာဖြစ်ချင်လဲ ဆိုတဲ့နောက်ကွယ်မှာ အခု မဲရလဒ်နဲ့ထွက်လာတဲ့ဟာကို့နဃ က ထွက်မရှင်းဘူး၊ တည်ဆဲအာဏာပိုင် အစိုးရ ကလဲ ဘာမှမပြောဘူး၊ ပြည်သူတွေကလည်း ရှင်းလင်းတာရှည်လွန်းကြောင်း၊ ရလဒ်တွေရဲ့နောက်ကွယ်မှာ အခုမကြာခင်မှာ လွှတ်တော်ကတက်လာမည့် လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်က အသိအမှတ် မပြုချင်တာလား၊ UEC ကို အသိအမှတ်မပြုချင်တာလား၊ မဲလိမ်ပြီးတက်လာတဲ့သူတွေလို့ ရည်ညွှန်းချင်တာ လား၊ ဘာများရည်ညွှန်းချင်တာလဲ သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့ပြောနေတာ ခုနကပြောတဲ့အထဲမှာ ပါပြီးသားဖြစ်ကြောင်း၊ တပ်မတော်က လုပ်နေတာဟာ ဒီမိုကရေစီစနစ် မယိမ်းယိုင်အောင်လုပ်နေတာဖြစ်ကြောင်း၊   ဒီမိုကရေစီစနစ်မှာ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် အဓိကဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက် ပွဲဟုတ်ပါသည်ဟု သက်သေပြဖို့လိုကြောင်း၊ သက်သေပြဖို့လိုတဲ့အတွက်ကြောင့် မိမိတို့သံသယရှိ တာတွေကို  သံသယစာရင်း၊ မဲစာရင်းတွေမှာ  မသမာမှုပြုနိုင်တယ်ဆိုတဲ့ စာရင်းတွေမှာ ဒါတွေရှိတယ် ဆိုတာကို မိမိတို့ထုတ်ပြန်နေခြင်းဖြစ်ကြောင်း၊ ဒါတွေကို ရှင်းလင်းပေးဖို့လိုအပ်တယ်ဆိုတာကို ပြောချင်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ အကုန်သိသတင်းဌာနမှ သတင်းထောက်   ဦးကျော်မျိုးဝင်းက ရှင်းလင်းပေးဖို့လိုသည်ဆိုတဲ့  စကားရဲ့နောက်မှာ  အရှည်ကြီးပဲဇာတ်လမ်းက၊ အဲ့တော့ အခုထိလည်းမရှင်းလင်းတာ ကြာလာပြီဆိုတော့ လပေါင်းများစွာဖြစ်နေပြီ၊ ဒါကိုပြည်သူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတာလား၊ ခင်ဗျားက စိတ်အနှောင့် အယှက်ဖြစ်နေတာလား ဘာနဲ့သက်သေပြမလဲ၊ ဘာအချက်အလက် တွေနဲ့ပြောတာလဲ၊ မိမိအနေဖြင့် မေတ္တာရပ်ခံချင်တာကတော့ ဒါသည် သတင်းစာ ရှင်းလင်းပွဲဖြစ်ပါကြောင်း၊ သတင်းထောက်ကြီးအနေနဲ့ သတိပြုဖို့လိုအပ်ပါကြောင်း၊ မိမိတို့ ဂုဏ်သိက္ခာရှိရှိနဲ့ သတင်းမီဒီယာများကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေတယ်ဆိုတာကို သတိချပ်စေချင်ပါကြောင်း၊ ဒီအထဲမှာပွင့်ပွင့်လင်းလင်းပြောရရင် မီဒီယာများမှာ ကြားနေမီဒီယာတွေပါဝင်ကြောင်း၊ မိမိတို့ကိုတောက်လျှောက်စွပ်စွဲနေသည့်မီဒီယာတွေလည်းပါပါကြောင်း၊ သို့သော် Political Culture ဆိုတာ ဒါကိုဆိုလို ခြင်းဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲလုပ် နေတယ်ဆိုတာ သတိချပ်စေချင်ပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲမသမာ မှုများရှိနိုင်တယ်ဆိုတာကို ဗိုလ်ချုပ်တို့ထုတ်ပြန်တာလည်းရှိပါကြောင်း၊ ပြောဆိုနေတာလည်းရှိပါကြောင်း၊ တစ်ဖက်တွင် ပြန်ကြည့်မည်ဆိုလျှင်လည်း လွှတ်တော်တက်ရန်အတွက် ကိုယ်စားလှယ်လောင်းများ ဆေးစစ် ထားတယ်၊ အမည်စာရင်းပို့ထားတယ်၊ ကိုယ်စားလှယ်ရွေးချယ်ရေးတွင်လည်း ပါဝင်တယ်ဆိုတာ သိရပါ ကြောင်း၊ တစ်ဖက်က ရွေးကောက်ပွဲမသမာမှုများကို ဖြေရှင်းပေးရန် တောင်းဆိုပြီး တစ်ဖက်ကလည်း လွှတ်တော်တက်ရန် ပြင်ဆင်မှုများရှိသည့် အတွက် ထိုနှစ်ခုသည် မည်ကဲ့သို့ကွာခြား နေသည်ကို သိလိုပါကြောင်း၊  မည်သည့်အဓိပ္ပာယ်မျိုးဆောင်ပါသလဲဆိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိကကတော့ မိမိပြောခဲ့သလိုဖြေရှင်းပေးဖို့အပိုင်းကိုတော့  ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီရည်ရွယ်ချက်များသည် ဘာကြောင့်လုပ်နေရသလဲဆိုသည်ကို မိမိတို့ ပြောကြား ပြီးဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် တွေ့ရှိချက်များကို ဒီအတိုင်းလျစ်လျူရှုပြီးမနေနိုင်ပါကြောင်း၊ တွေ့ရှိချက်များကို တွေ့ရှိချက်အတိုင်း မိမိတို့ပြောရမှာဖြစ်ပါကြောင်း၊ ရှင်းလင်းပေးခြင်း၊ မရှင်းလင်းပေး ခြင်းမှာ ၎င်းတို့အပိုင်းဖြစ်ကြောင်း၊ ဘာဆက်လုပ်မလဲဆိုတာ မိမိပြောပြီးဖြစ်ပါကြောင်း၊ လွှတ်တော်တက်ရန် ပြင်ဆင်နေသည့်အပိုင်းသည် သူ့အပိုင်းနှင့် သူသာဖြစ်ပါကြောင်း၊ သူ့ကဏ္ဍနှင့်သူဖြစ်ပါကြောင်း၊ ဒီအပိုင်းနှင့် ဟိုဘက်အပိုင်းကို ရောယှက်ပြီးတွေး၍ မရကြောင်းကို မိမိပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက COVID-19 ရောဂါနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်စဉ်က မြန်မာ့တပ်မတော်ကို COVID-19 ရောဂါကာကွယ်ဆေးပေးသွား သည်ဟုမိမိတို့ကြားသိရပါကြောင်း၊ အမှန်တကယ်ပေးသွားပါသလား သိလို ကြောင်း၊ တပ်မတော်ထဲတွင်  COVID-19 ရောဂါကာကွယ်ဆေးထိုးနေပြီဟု အချို့ကပြော နေကြကြောင်း၊ မိမိသိလိုသည်မှာ ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်စဉ်က COVID-19 ရောဂါကာကွယ်ဆေး အမှန် တကယ်ပေးသွားပါသလား၊ ပေးသွားသည်ဆိုပါက တပ်မတော်သားများ ကာကွယ်ဆေးထိုးနေပြီလား    သိလိုပါ ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိသိသလောက်မှာ  ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်စဉ်က လှူသွားတာ ရှိပါကြောင်း၊ Sputnik V လှူသွားတာရှိပါကြောင်း၊ Sputnik V လှူသွားတာ အရေအတွက် အနည်းငယ်သာဖြစ်ပါကြောင်း၊ ထောင်ဂဏန်းပင်မရှိပါကြောင်း၊ ထိုဆေးကို မိမိတို့ ဆေးသုတေသနလုပ်ရန်၊   စမ်းသပ်ရန် လုပ်ဆောင်သွားတာဖြစ်ပါကြောင်း၊ COVID-19 ဆေးနှင့်ပတ်သက်ပြီး   မိမိတို့သိရ သလောက် ဆေးထိုးပြီးသူမရှိပါကြောင်း၊ စမ်းသပ်နေသည့် အဆင့်ပဲရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်သတင်းထောက် ဦးနိုင်ဝင်း(မိုးဟိန်း)က အကြံပြုချက် ပြောရာတွင် ကျွန်တော်တို့ ဂျာနယ်ကလည်း တပ်မတော်နှင့်အစိုးရကြားကို ချစ်ကြည်မှု ဖြစ်အောင် ရေးသားနေသောဂျာနယ်ဖြစ်ကြောင်း၊ တကယ်ဖြစ်နေတဲ့လူထုတွေမှာ အပိုင်းမှာ ၂ ပိုင်း  ကွဲပြားနေကြောင်း၊ တပ်မတော်မှ လုပ်သင့်လုပ်ထိုက်တာ မို့လို့ သမိုင်းပေးတာဝန်အရ လုပ်နေရတယ်လို့ ယူဆနေတဲ့ပြည်သူလူထုလည်းရှိကြောင်း၊ တချို့ပြည်သူတွေက လည်း ရွေးကောက်ပွဲကိုမယုံမကြည်ဖြစ်လို့ အကြောင်းရှာနေတယ်လို့ ယူဆတဲ့သူတွေလည်းရှိကြောင်း၊ အဲ့ဒီအခါမှာ ဒီရွေးကောက်ပွဲဟာ တပ်မတော်က ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲလေးကြိမ်ရှိကြောင်း၊ ၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရကျင်းပတဲ့ရွေးကောက်ပွဲ ဘာပြဿနာမှမဖြစ် ခဲ့ပါကြောင်း၊ ၁၉၉၀ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲ  တရားမျှတခဲ့ပါကြောင်း၊    အာဏာမလွှဲနိုင်ခဲ့တာ ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်ကြီးတင်အေး ကျင်းပပေးသောရွေးကောက်ပွဲလည်း အားလုံး ဘာပြဿနာမှ မရှိပါကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် လူထုရွေးကောက်ခံအစိုးရလက်ထက်ကျမှ အငြင်းပွားဖွယ်ရာတွေ့ရတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ ပုံရိပ်ကျဆင်းပြီး ပြည်သူ လူထုကြားမှာလည်း စိတ်မချမ်းသာမှုတွေဖြစ်ပေါ်နေကြောင်း၊ တပ်မတော်မှ လုပ်ဆောင်ချက်များအား နားလည်သူ အများကြီးရှိပါကြောင်း၊ ကျွန်တော်တို့ဂျာနယ်အနေဖြင့် မေတ္တာရပ်ခံချင်တာက တပ်မတော်မှ သတင်းစာရှင်းလင်းပွဲများပြုလုပ်နေခြင်းမှာ အမေးနွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆိုတဲ့အတိုင်း အင်မတန်ခက်ပါကြောင်း၊ မေးသမျှမေးခွန်းအားလုံးကို ဗိုလ်ချုပ်တစ်ဦးတည်းဖြေနေရတဲ့အခါမှာ  အကုန်လုံး ၁၀၀ ရာခိုင်နှုန်းအမှားမရှိဘူးဆိုတာ ဖြစ်နိုင်စရာမရှိပါကြောင်း၊ ဒီသတင်းစာရှင်းလင်းပွဲမှာ အကြံပြုချင်တာ ကတော့  ကျွန်တော်တို့နိုင်ငံက ထူးထူးခြားခြားဖြစ်နေကြောင်း၊ အမေရိကန်နိုင်ငံဆိုရင် သမ္မတက အိမ်ဖြူတော်မှာ   သတင်းစာရှင်းလင်းပွဲလုပ်ကြောင်း၊ ရုရှားမှာဆိုလည်း သမ္မတပူတင်က သတင်းစာ ရှင်းလင်း ပွဲလုပ်ကြောင်း၊ တရုတ်နိုင်ငံမှာဆိုလည်း သမ္မတက  သတင်းစာရှင်းလင်းပွဲလုပ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံမှာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုက်ရိုက်သတင်းစာ ရှင်းလင်းပွဲငါးနှစ်တွင် တစ်ခါမှ မလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကလည်း သတင်းစာရှင်းလင်းပွဲ တစ်ခါမှလုပ်ခဲ့တာ မတွေ့သေး ပါကြောင်း၊ တောင်းဆိုချင်တာက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် သုံးဦးစလုံးမှ ရွေးကောက်ပွဲပြီး ဖြစ်နေသော နိုင်ငံရေးအကျပ်အတည်း သဘောဆန် ဆန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်စေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်စေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်စေ၊ သုံးဦးစလုံးမှလူထုကိုတိုက်ရိုက်ဖြစ်စေ၊ မီဒီယာများမှတိုက်ရိုက်ဖြစ်စေ၊ နိုင်ငံ၏အခြေအနေ ကို တိတိကျကျအဖြစ်မှန်ကိုရှင်းပြမယ်ဆိုရင် ဖြစ်နေတဲ့ပြဿနာကို ထပ်ခါတလဲလဲလစဉ်ပြောနေရတဲ့အစား အကြိမ် ၁၀၀ မှာ တစ်ခါတည်းပြီးမယ်ဆိုသည်ကို မေတ္တာရပ်ခံတင်ပြလိုပါကြောင်း ပြောကြားသည်၊၊

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကျေးဇူးတင်ပါသည်ဟုပြန်လည်ပြောကြားသည်။

မြဝတီ