တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၀)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၄) သင်တန်းဆင်းပွဲကျင်းပ

 

တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၀)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၄) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂၈
    
တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၀)နှင့် တပ်မတော် (ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၄)တို့၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ တင်အောင်စန်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။
    
အဆိုပါအခမ်းအနားသို့ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ ကျောင်းဆင်းတပ်ခွဲက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူပြီး နိုင်ငံတော် အလံအား အလေးပြုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်  (၈၀)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၄၈၇ ဗိုလ် နိုင်အောင်လင်းနှင့် ရေကြောင်း ပညာစာပေထူးချွန်ဆုရ ရေ ၅၄၈၄ ဗိုလ် ထူးထက်အောင် တို့အားလည်းကောင်း၊ တပ်မတော် (ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၄)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၅၂၇ ဗိုလ် မင်းမဟာနှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရ ရေ ၅၅၂၉ ဗိုလ် ရဲထက်ပိုင် တို့အား လည်းကောင်း ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်း နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ)က သင်တန်း ဆင်းမိန့်ခွန်းပြောကြားပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
    
အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက် လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။