ဆောက်သမ်တန်နှင့်ပွဲကို မပါဝင်နိုင်ခြင်းမှာ နာမကျန်းမိခင်ကို စောင့်ရှောက်နေ၍ ဖြစ်ဟု အူဘာမီယန်းဆို

အာဆင်နယ်အသင်း   အသင်းခေါင်းဆောင်  တိုက်စစ်မှူး  အူဘာမီယန်းသည် ဆောက်သမ်တန်ကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင် ရသည့်ပွဲတွင်  ပုဂ္ဂိုလ်ရေးကိစ္စကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိသည်မှာ မိခင်ဖြစ်သူ နာမကျန်း ဖြစ်၍ စောင့်ရှောက် နေရသောကြောင့်ဖြစ်ကြောင်း ပရိသတ်များကို အသိပေးပြောကြားခဲ့ပြီး မိမိ မိသားစုအပေါ် ဆုတောင်းမေတ္တာပို့ ပေးခဲ့ကြသော အသင်းဖော်များနှင့် ပရိသတ်များကို  ကျေးဇူးအထူးတင်ကြောင်း   လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အူဘာမီယန်းသည်  ပြီးခဲ့သည့်   စနေနေ့ညက    ဆောက်သမ်တန်ကို ရှုံးသော အက်ဖ်အေဖလားပွဲတွင်လည်း ပါဝင် နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ကြားရက် ဆောက်သမ်တန်နှင့်ပင် ပြန်ကစားရသည့် ပရီးမီးယားလိဂ်ပွဲတွင် လည်း  ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။  ထိုပွဲတွင် အာဆင်နယ်အတွက် ဂိုးသွင်းပေးကြသော လာကာဇက်တီနှင့် နီကိုးလပ်စ်ပီပီတို့က ၎င်းတို့၏ သွင်းဂိုးများကို  အူဘာမီယန်းမိသားစု အတွက် ရည်ညွှန်းသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ကြသည်။

အူဘာမီယန်းက ၎င်းင်း၏လူမှုကွန်ရက်တွင် အမေကျန်းမာရေး အခြေအနေတစ်ခုကို  ကျော်ဖြတ်နေရလို့ပါ။ အခု တော်တော်လေး ပြန်ကောင်းလာပါပြီ။  အားလုံးကို  ကျေးဇူးတင်ပါတယ် ဟု ရေးတင်ခဲ့သည်။            

Ref:Metro