ကလော့ကို စိတ်လှုပ်ရှားမှု မပိုရန် မော်ရင်ဟို သတိပေး

ဇန်နဝါရီ ၂၈ ရက်ညတွင် ကစားမည့် စပါးနှင့် လီဗာပူးတို့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်၌ စပါးနည်းပြ မော်ရင်ဟိုက လီဗာပူး နည်းပြကလော့အနေဖြင့် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး အေးဆေးစွာ ပွဲကိုစီမံခန့်ခွဲရန်လိုအပ်ကြောင်း သတိပေးစကား ဆိုခဲ့သည်။  ပြီးခဲ့သည့်ဒီဇင်ဘာလက  လီဗာပူးနှင့် စပါးပွဲတွင် ဂျာဂန်ကလော့ကွင်းစည်းအစပ်၌ အသည်း အသန် အမူအရာများလုပ်နေခြင်းကြောင့် မော်ရင်ဟိုက ဝေဖန်ခဲ့သည်။

ယခုပွဲမတိုင်ခင်ကလည်း မော်ရင်ဟိုက  ကိုယ့်အပြုအမူ  ပြင်းပြင်းထန်ထန် ဖြစ်ခဲ့စဉ်က ပွဲပယ်ခံရတယ်။ ဒဏ်ငွေတွေ အများကြီး ပေးခဲ့ရတယ်။ နားမလည်ခင်ကပေါ့။ အခုတော့  ပိုပြီးအေးဆေးတဲ့သူအဖြစ် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ပါပြီဟု သတိပေးခဲ့သည်။                                           

  Ref:BBC