တစ်ရာသီလုံးနိုင်ပွဲတစ်ပွဲသာ ရသေးသည့် ရှက်ဖီးလ်ကို မန်ယူအသင်းရှုံးနိမ့် ချေပဂိုးမရခြင်းအား နည်းပြဆိုးလ်ရှားဝေဖန်

မန်ယူအသင်းသည်  ဇန်နဝါရီ ၂၇  ရက်ညက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှ  ရှက်ဖီးလ်ယူနိုက်တက် အသင်းနှင့် အိမ်ကွင်း၌ အံ့အားသင့်ဖွယ် ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှက်ဖီးလ်အသင်းသည် ယခုရာသီ နိုင်ပွဲတစ်ပွဲသာ ရသေးသော အသင်းဖြစ်ကာ ရှုံးနိမ့်ခဲ့ရမှုကို  မန်ယူ နည်းပြဆိုးလ်ရှားနှင့် အသင်းခေါင်းဆောင် ခံစစ်မှူး မက်ဂွိုင်ယာတို့က ရှက်ဖီးလ်အသင်းသွင်းသော အဖွင့် ဂိုးတွင်  ဂိုးသမားဒီဂီယာအား  ပြစ်ဒဏ်ကျူးလွန်ပြီး ခေါင်းတိုက်သွင်းခြင်းကို ခွင့်ပြုခဲ့ခြင်း၊ မာရှယ်သွင်းယူ သည့် ချေပဂိုးတွင် မက်ဂွိုင်ယာသည် ဒီဂီယာဂိုးပေး လိုက်ရစဉ်ကနှင့် ပုံစံတူဖြစ်ရပ်မျိုးအတိုင်း ရှက်ဖီးလ် ဂိုးသမား အေရွန်ရမ်းစ်ဒါလီကို တားဆီးခဲ့ခြင်းကြောင့် ပြစ်ဒဏ်ဘော ပေးခဲ့ခြင်းအတွက် ဒေါသထွက်စကားများ ဆိုခဲ့သည်။

ပွဲချိန် ၂၃ မိနစ်တွင် ရှက်ဖီးလ်အတွက် အဖွင့်ဂိုးကို  ကိန်းဘရိုင်ယန်က  ခေါင်းတိုက်သွင်းယူရာ ဂိုးသမားဒီဂီယာကို ရှက်ဖီးလ်ကစားသမား  ဘီလီရှပ်က  ဂိုးဖမ်းရာတွင် အနှောင့်အယှက်ဖြစ်စေမည့် ဖိတွန်းထားမှု လုပ်ခဲ့ခြင်းကို   ကွင်းလယ်ဒိုင်  ပီတာဘန်း ကက်စ်က  ပြစ်ဒဏ်ဘောမပေးဘဲ  ဂိုးပေးခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြဆိုးလ်ရှားက    ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ အားလုံးကောင်းမွန်ခဲ့တယ်။ ဒါပေမဲ့ ဆိုးရွားတဲ့ ဂိုးနှစ်ဂိုး ပေးလိုက်ရတယ်။ ဖန်တီးမှုတွေ မလုံလောက်ခဲ့ဘူး။ ပြေးဝင်ဖို့  နေရာလွတ်တွေ မရှိခဲ့ဘူး။  သူတို့ခံစစ်ကို ကောင်းမွန်စွာ၊ သန့်ရှင်းစွာ ကစားသွားနိုင်ခဲ့တာကို  ကိုယ်တွေဘက်က   ဖြေရှင်း စရာအဖြေမတွေ့ခဲ့ဘူး။  ပထမ ပေးလိုက်ရတဲ့ဂိုးက ပြစ်ဒဏ်ဘောပါ။ ဘီလီရှပ်က  ဂိုးသမားဒီဂီယာဆီ ပြေးဝင်သွားတာပါ။ ဒါကြောင့် ဒီဂီယာပြန်မထနိုင်ဘဲ ဖြစ်နေတာက ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ပေမယ့် အဆုံးမှာတော့ ပြစ်ဒဏ်မဟုတ်ဘူးတဲ့ ဟု ဝေဖန်ခဲ့သည်။

ပထမပိုင်းအငြင်းပွားစရာ ဖြစ်စဉ်နှစ်ရပ်အတွက် ဘီတီစပို့တ်မှ ဘောလုံးပွဲသုံးသပ်တင်ဆက်သူ ပရီး မီးယားလိဂ် ဘောလုံးသမားဟောင်း  ပီတာခရော့ချ် ကလည်း   နည်းပြဆိုးလ်ရှား၏ဝေဖန်မှုကို   လက်ခံ ကြောင်း သုံးသပ်ပြောသည်။

ဘီလီရှပ်ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။  ဒီဂီယာကို အနှောင့်အယှက်ပေးခဲ့တယ်။ ဒါက ပြစ်ဒဏ်ဘောပါ။ ဒါပေမဲ့ ဒိုင်လူကြီးက အဲဒီဖြစ်စဉ်ကို  မမြင်ခဲ့ဘူး။ မာရှယ်သွင်းတဲ့ဂိုး   ပြစ်ဒဏ်ဘောဖြစ်စဉ်ကလည်း အတူတူပဲ ဟု  ပီတာခရော့ချ်က ထောက်ခံပြောဆိုသည်။                       

Ref:Dailymail