ချယ်လ်ဆီးအသင်းသည် နည်းပြလမ်းပတ်ကို ထုတ်ပယ်လိုက်ပြီးနောက် ဂျာမနီနိုင်ငံသားနည်းပြ သောမတ်စ် တူချယ်ကို ချက်ချင်း အစားထိုးခန့်အပ်လိုက်ရာ တူချယ်သည် အသင်းနှင့်လေ့ကျင့်ခန်း တစ်ကြိမ်သာ ပြုလုပ်ရသေးပြီး ဇန်နဝါရီ ၂၇ ရက်ညက ဝုဗ်အသင်းနှင့်ကစား ခဲ့သည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ၌ ဂိုးမရှိသရေသာ ကစားနိုင်ပြီး ယခုရာသီ ချန်ပီယံဆုအတွက် မဖြစ်နိုင်တော့ဟု ဝန်ခံအတည်ပြုခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရေးကသာ အရေးအကြီးဆုံး ပစ်မှတ်ဖြစ်နေသည်ဟု ပြောသည်။
ဝုဗ်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တူချယ်က ချန်ပီယံဆုက ဝေးလွန်းလှပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ တခြားဖလားတွေ ရချင်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အရှိတရားကိုလည်း လက်ခံရမယ်။ အဆင့် (၄) နေရာက အသင်းနဲ့ ကျွန်တော်တို့ကြားမှာ အသင်းတွေ အများကြီးရှိနေသေးပြီး အမှတ်တွေလည်း အများကြီး ကွာဟနေပါသေးတယ်။ အကောင်းဆုံးလုပ်ရမှာက အာရုံစိုက်မှုမပျက်စေဖို့၊ အသေးစိတ် ပြင်ဆင်တာတွေ ကနေ အမှတ်တွေက လိုက်လာမှာပါ။ အခုက စမှတ်ဖြစ် ပါတယ်။ ကိုယ်တွေအသင်းအင်အားနဲ့ အရည်အသွေး ကိုချင့်ချိန်ပြီး တည်ဆောက်သွားမှာပါ။ ဒါက စိန်ခေါ်မှုပဲ။ ပွဲချိန်နှောင်းပိုင်း ဘောလုံးဆုံးရှုံးတဲ့အနေအထားကနေ ၁၆ ကြိမ် ပြန်ရအောင်ယူနိုင်ခဲ့တာကိုကြည့်ရင် အသင်း ရဲ့ စိတ်ဓာတ်နဲ့စွမ်းအား ဘယ်လောက်ရှိလဲ သိနိုင်ပါတယ် ဟုပြောသည်။
Ref:BBC