ရွှေပြည်သာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆန်များလှူဒါန်း 

 

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆန်များလှူဒါန်း 

နေပြည်တော်၊ ဇန်နဝါရီ - ၂၉
    
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့်  ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် ြေျု များကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်း လျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက်တို့ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၆၀၀ စုတို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်အိတ်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။