လင်ဂတ်ကိုအငှားဖြင့် ခေါ်ယူရန် ဝက်စ်ဟမ်းနှင့် မန်ယူသဘောတူညီမှု ရရှိထား

ဝက်စ်ဟမ်းအသင်းသည်   မန်ယူအသင်းမှ  အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူး ဂျီဆီလင်ဂတ်ကို  ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူရန် နှစ်သင်းကြားမူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၂၈ နှစ်ရှိပြီဖြစ်သော လင်ဂတ်သည်  ယခုရာသီ  နည်းပြဆိုးလ်ရှားလက်အောက် မန်ယူတွင် သုံးပွဲသာ ကစားခွင့်ရထားပြီး နှစ်ပွဲမှာ ကာရာဘောင်း ဖလားပွဲဖြစ်ကာ နောက်တစ်ပွဲမှာ အက်ဖ်အေဖလားပွဲသာ ဖြစ်၍ ပရီးမီးယားလိဂ်တွင် ကစားခွင့်လုံးဝ မရသေးသဖြင့် ဝက်စ်ဟမ်း သို့ အငှားသွားကစားရန် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် ပရီးမီးယားလိဂ် စည်းမျဉ်းသစ်အရ ကလပ်အသင်း တစ်သင်းသည်  အင်္ဂလန်ပြည်တွင်းမှ   ကစားသမားများကို နှစ်ဦးသာ အငှားခေါ်ခွင့်ပြုသဖြင့်   ဝက်စ်ဟမ်းအသင်းသည် အငှားခေါ်ထားသော ကစားသမား နှစ်ဦးဖြစ်သည့် ဘန်ရာမာနှင့်  ခရိတ်ဒေါ်ဆင်တို့ နှစ်ဦးထဲမှ တစ်ဦးကို ဦးစွာ အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူနိုင်ပြီးမှသာ  လင်ဂတ်ကို အငှား ခေါ်ခွင့်ရမည်ဖြစ်သည်။                                   

Ref:Dailymail