လီဗာပူးအသင်းသည် ဇန်နဝါရီ ၂၈ ရက်ညက စပါးအသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာရသွားခြင်းကြောင့် ကာလရှည် အနားယူရတော့မည်ဖြစ်ရာ ဘောလုံးပွဲသုံးသပ် တင်ဆက်သူ မန်ယူခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က လီဗာပူးနည်းပြ ဂျာဂန်ကလော့အနေဖြင့် ဗဟိုခံစစ်မှူး တစ်ဦးကို ဇန်နဝါရီဈေးကွက်အတွင်း ဝယ်ခွင့်ပြုရန် တောင်းဆိုသွားသင့်သည်ဟု တိုက်တွန်းအကြံပြုခဲ့သည်။
စပါးနှင့်ပွဲပထမပိုင်းမှာပင် ဂျိုရယ်မာတစ်သည် ခြေချင်းဝတ်ဒဏ်ရာရ သွားကြောင်း ပွဲအပြီးတွင် နည်းပြကလော့က အတည်ပြုခဲ့ရာ လက်ရှိ လီဗာပူးဗဟိုခံစစ်မှူး တစ်ဦးမျှကစားနိုင်ခြင်း မရှိသေး၍ ကလော့သည် ထိုပွဲ၌ ကွင်းလယ် ကစားသမား ဟတ်ဒါဆန်နှင့် တွဲဖက်ဗဟိုခံစစ်မှူးအဖြစ် နသန်နီရယ်ဖိလစ်ကို လူစားဝင်ကစားစေခဲ့ရသည်။ လီဗာပူးအနေဖြင့် ဗဟိုခံစစ်မှူးအသစ် ဝယ်ယူမှသာ ရရှိထားသောချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မည်ဟု ဖာဒီနန်က တိုက်တွန်း ပြောကြားခဲ့သည်။
ဖာဒီနန်က ကလော့အနေနဲ့ သူ့ခံစစ်အနေအထားအရ ကစားသမား အင်အားထပ်ဖြည့်ဖို့ မလုပ်ရင်တော့ ကျွန်တော် အရမ်းအံ့သြမိမှာပဲ။ ဗဟိုခံစစ်မှူး အသစ်ထပ်မခေါ်ရင် ဒီရာသီမှာ သူတို့အတွက် ကျရှုံးရမယ့်ရာသီဖြစ်လာလိမ့်မယ်ဟု ပြောသည်။
Ref:Dailymail