နေပြည်တော်၊ ဇန်နဝါရီ - ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာနေ မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက အဆိုပါအိမ်ရာ၌ သွားရောက် တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။