ပုသိမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာနေ မိသားစုများနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရပ်ကွက်၊ နံ့သာရပ်ရှိ ဒေသခံပြည်သူများအား ဆန်၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

   

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ကြက်ဥ၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

   

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေဝတ်မှုန်စစ်မှုထမ်းဟောင်း အိမ်ရာနှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများရှိ အိမ်ထောင်စု ၁၁၇ စုအတွက် ဆန်နှင့် ကြက်ဥများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်သည်။

   

အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်ရှိ အိမ်ထောင်စု ၃၀၀ စု အတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များကို နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။