ပီအက်စ်ဂျီအသင်းမှ ဗာရတ်တီနှင့် ဒီရယ်လိုတို့ COVID-19 ရောဂါကူးစက်ခံရ၍ နှစ်ပွဲလွဲချော်မည်

ပီအက်စ်ဂျီအသင်းမှ ကွင်းလယ်ကစားသမား ဗာရတ်တီနှင့် ခံစစ်မှူး ဒီရယ်လိုတို့ နှစ်ဦးသည် COVID-19 ရောဂါကူးစက် ခံရ၍ အသင်း၏ နောက်လာမည့် ပွဲစဉ်နှစ်ပွဲ လွဲချော်ရမည် ဖြစ်ကြောင်း အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ ပြင်သစ် လီဂူးဝမ်းတွင် ချမှတ်ထားသည့် စည်းကမ်းအရ ရောဂါကူးစက် ခံရသူသည် တစ်ပတ်ကြာ သီးခြားနေထိုင်ရမည်ဖြစ်၍ ၎င်းတို့နှစ်ဦးသည်  ဇန်နဝါရီ ၃၁ ရက်ည လိုရီးယန့်အသင်းနှင့်ပွဲ၊ နောက်သုံးရက်အကြာတွင် နီမက်စ်နှင့်ကစားရမည့်  လီဂူးဝမ်းပွဲများကို လွဲချော်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်  မာဆေးနှင့်ပွဲတွင် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသည်။

ပီအက်စ်ဂျီအသင်းက ဗာရတ်တီနဲ့ ဒီရယ်လိုတို့နှစ်ဦးမှာ COVID-19 ရောဂါစစ်ဆေးတွေ့ရှိ ရပါတယ်။  ဒါကြောင့်  သူတို့ သီးခြားခွဲနေထိုင်ရင်း လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင် သွားမှာပါ ဟု ဇန်နဝါရီ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။  ပီအက်စ်ဂျီအသင်းသည် ရာသီအစပိုင်းတွင်လည်း ကစားသမား များစွာ COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် ကစား နိုင်ခြင်းမရှိဘဲ ရလဒ်များဆိုးရွားခဲ့ပြီး နောက်ပိုင်းတွင် နည်းပြသောမတ်စ်တူချယ် ရာထူးမှထုတ်ပယ်ခြင်း ခံလိုက်ရသည်။

Ref:Dailymail