နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ သြဂုတ် - ၃၁
    
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားဒေသတွင် အလုပ်လုပ်ကိုင်ပြီး နေရပ်အသီးသီး  သို့ ပြန်ရန်အတွက် ပြန်လည်ဝင်ရောက်လာသော အလုပ်သမား ၅၆ ဦးတို့သည် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာကော်၊ ကွန်ဟိန်း၊ ခိုလမ်၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့များသို့  မော်တော်ယာဉ်များဖြင့် ဖြတ်သန်းစဉ် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများက ရေသန့်ဘူး၊ အအေးဘူးများနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးကြသည်။
    
အဆိုပါ အလုပ်သမားများသည် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်မည့် နေရပ်ပြန်တိုင်းရင်းသားပြည်သူများဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ Quarantine  Center များတွင် ၁၄ ရက်စောင့်ကြည့်ထား မည်ဖြစ်ကြောင်း သတင်းရရှိသည်။