မြစ်ကမ်းပါး ပြိုကျနေခြင်းကြောင့် အန္တရာယ်ရှိ နေအိမ်အား ရွှေ့ပြောင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ပုဂံနယ်မြေ တောင်ရွာနောင်အုပ်စု အောင်ဇေယျာလင်းကျေးရွာ ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါး ပြိုကျနေခြင်းကြောင့် အန္တရာယ်ရှိနေအိမ်အား ညောင်ဦးခရိုင်/မြို့နယ်    မီးသတ်တပ်ဖွဲ့ဝင်များကသြဂုတ် ၁၇ ရက်နံနက်ပိုင်းမှ စတင်ကာ ကူညီရွှေ့ပြောင်းနေကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူတို့ ဦးဆောင်သော မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်များက အောင်ဇေယျာလင်း ကျေးရွာနေ ဦးထွန်းထွန်းဦး၏ ၂ဝ ပတ်လည် သွပ်မိုး၊ ထရံကာ  နှစ်ထပ်အိမ်အား ဘေးကင်းရာ မြေနေရာသို့ ကူညီရွှေ့ပြောင်း ပေးကြသည်။

ဆက်လက်၍ အဆိုပါ မိသားစုယာယီနေထိုင်နိုင်ရန် တဲတစ်လုံး ကူညီဆောက်လုပ် ပေးကြသည်။ မြစ်ကမ်းပါး ဆက်လက်ပြိုကျနေပါက   လူနေအိမ်များနှင့် တိရစ္ဆာန်များရွှေ့ပြောင်းရန် လိုအပ်ကြောင်း၊ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။