ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းနှင့် မှော်ဘီမြို့နယ်တို့၌ ငွေကျပ် ၇ ဒသမ ၅၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀ ဒသမ ၄၉ သန်းကျော်ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ညောင်ကျိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်တို့၌ ငွေကျပ် ၇ ဒသမ ၅၉ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်<ကဆေးပြား ၁၀ ဒသမ ၄၉ သန်းကျော်ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီခွဲက ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေး စခန်း၌ ပြည်ဘက်မှ တောင်ကုတ်ဘက်သို့ သိန်းဝင်း ၄၂ နှစ် မောင်းနှင်ပြီး ထွန်းလှိုင်၄၅ နှစ်လိုက်ပါလာသည့် MITSUBISHI CANTER မော်တော်ယာဉ်ကိုစစ်ဆေးရာ မော်တော်ယာဉ်နောက်ခန်းကြမ်းခင်းအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွ ဆေးပြား ၁ ဒသမ ၄၅ သန်းကျော် သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများ စတင်သယ်ဆောင်လာသည့် မှော်ဘီမြို့နယ် ရေကျော်ကျေးရွာရှိ ရွှေသန်း ၄၃ နှစ်၏ နေအိမ်ခြံဝင်းကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁ နာရီခွဲတွင် ရှာဖွေစစ်ဆေးရာ ရွှေမင်းသိန်း ၄၆ နှစ်၊ အောင်ကျော်လင်း ၄၀ နှစ်၊ ဇော်မောင်ဦး(ခ) မောင်မောင် ၃၀ နှစ်တို့ကို စိတ်<ကဆေးပြား ၉ ဒသမ ၀၄ သန်း၊ မော်တော်ယာဉ်တစ်စီးတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ကိုစစ်ဆေးမေးမြန်းချက်အရ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ပို့ပေးခဲ့သူများဖြစ်သည့် မြတ်ကို ၃၈ နှစ်နှင့် ခိုင်ဦး ၂၉ နှစ်တို့ကို ယင်းနေ့ ည ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ ဟိုတယ်၌ စိတ်<ကဆေးပြား ၄၀ ပြား၊ အိုက်စ် သုည ဒသမ ၃ ဂရမ်၊ ဆေးခြောက် ၁ ဂရမ်၊ မော်တော်ယာဉ်နှစ်စီးတို့ဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် မြင့်ကိုကို ၂၇ နှစ်ကို ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၀) ခွာညိုလမ်းရှိ နေအိမ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းင်းစိတ်<ကဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်သို့သယ်ဆောင်လာပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိ တရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများကို ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရဲပြန်ကြား