ဘာစီလိုနာနည်းပြ ရော်နယ်ကိုးလ်မန်းက အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီကို ရာသီကုန်တွင် အသင်း၌ ဆက် ထိန်းနိုင်ရန် ယုံကြည်မှု မရှိကြောင်း ဖွင့်ဟခဲ့သည်။
မကြာသေးမီကပင် မက်ဆီ၏ ဘာစီလိုနာနှင့် နောက်ဆုံးလေးနှစ်စာချုပ် ပေါက်ကြားသွားခဲ့ပြီး ထိုလေးနှစ်အတွက် ဘာစီလိုနာသည် မက်ဆီကို ပေါင် ၄၉၂ သန်းပေးခဲ့ရသည်ဟု သိခဲ့ရသည့်အတွက် ယခုရာသီကုန်တွင် စာချုပ် သက်တမ်းကုန်မည့် မက်ဆီကို ထိုသို့သော စာချုပ်မျိုး ထပ်ချုပ်နိုင်ရန် ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်နေချိန်တွင် ဘာစီလိုနာအတွက် မဖြစ်နိုင်သည့် အနေအထား ဖြစ်နေသည်။ ထို့ကြောင့် ကိုးလ်မန်းက မျှော်လင့်သော်လည်း ယုံကြည်မှု မရှိဟု ပြောခဲ့ခြင်းဖြစ်သည်။
Ref:Dailymail