မာဆေးအသင်းသည် အသင်းအားကစား ပေါ်လစီကို လူသိရှင်ကြားဝေဖန်တိုက်ခိုက်ပြီး အသင်းမှထွက်ခွာခွင့် တောင်းနေသည့် နည်းပြဗီလက်စ်ဘိုအာ့စ်ကို ဆိုင်းငံ့ပိတ်ပင်မှု ပြုလုပ်ထားကြောင်း အတည်ပြုထုတ်ပြန်သည်။
ချယ်လ်ဆီးနည်းပြဟောင်း ဘိုအာ့စ်သည် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်သည့် နောက်ဆုံးရက်တွင် အသင်းက ဆဲလ်တစ်ထံမှ ခေါ်ယူလိုက်သော ကစားသမားသစ် အိုလီဗာအန်ချမ်နှင့် ပတ်သက်ပြီး မိမိအလိုရှိ သည့်ကစားသမား စာရင်းတွင် လုံးဝမပါဝင်သူဟု သတင်းစာရှင်းလင်းပွဲ၌ ဖွင့်ပြောခဲ့ကာ မာဆေးအသင်း၏ ပေါ်လစီနှင့် ပတ်သက်ပြီး စိတ်ကုန်သွားသဖြင့် ထိုအသင်းထံမှ မည်သည့်အရာမျှ မလိုချင်တော့ဘဲ ထွက်ခွာခွင့် တောင်းဆိုထားကြောင်း ဖွင့်ဟခဲ့သည်။
၂၀၁၉ ခုနှစ်က မာဆေးအသင်းနည်းပြ ရာထူးကို စတင်လက်ခံရယူခဲ့သည့် ဘိုအာ့စ်နှင့် ပတ်သက်ပြီး မာဆေးအသင်းက အသင်းမှာ ဒီလိုခေတ်ကာလထဲ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မရှိနိုင်ဘဲ အသင်းက ဆုံးဖြတ်လုပ်ဆောင်မှုတွေကို မေးခွန်းပြန်ထုတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် သူ့ကို ဆိုင်းငံ့ပိတ်ပင်တဲ့ အရေးယူမှု လုပ်ရမှာပါဟု သတင်းထုတ်ပြန် ရှင်းလင်းခဲ့သည်။
Ref:Dailymail