ဂျူဗင်တပ်စ် အသင်းသည် ဖေဖော်ဝါရီ ၂ ရက်ညက ယှဉ်ပြိုင်ကစားသည့် ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်ပထမ အကျော့ပွဲ၌ ပြိုင်ဘက် အင်တာမီလန် အသင်းကို နောက်မှ လိုက်ကစားခဲ့ရပြီး ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ကိုပါအီတာလီယာဖလားရယူနိုင်ရန် ပိုမိုနီးစပ်လာပြီ ဖြစ်သည်။
ထိုပွဲတွင် အင်တာမီလန်အသင်းမှ အဓိကတိုက်စစ်မှူး လူကာကူသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ အင်တာမီလန်အတွက် အဖွင့်ဂိုးကို လူတာရိုမာတီနက်ဇ်က သွင်းယူခဲ့သည်။ ဂျူဗင်တပ်စ်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို စီရော်နယ်ဒိုတစ်ဦးတည်းက သွင်းယူခဲ့ရာ ပြီးခဲ့သည့် လကုန်ပိုင်းက စီးရီးအေပွဲတွင် နှစ်ဂိုးပြတ်ရှုံးခဲ့ရသော ရှုံးကြွေးကို ပြန်ဆပ်နိုင်ခြင်းလည်း ဖြစ်သည်။
ထိုပွဲတွင် ဂျူဗင်တပ်စ်အတွက် ပထမဂိုးမှာ အင်တာမီလန် ခံစစ်မှူး အက်ရှ်လေယန်း ပြစ်ဒဏ်ကျူးလွန်မှုမှ ပေးလိုက်ရ သည့်ပယ်နယ်တီကို စီရော်နယ်ဒိုက သွင်းယူခဲ့ခြင်းဖြစ်ကာ စီရော်နယ်ဒိုသည် ယခုရာသီ ပြိုင်ပွဲစုံ၌ ၂၂ ဂိုးမြောက် သွင်းယူ နိုင်ခဲ့ပြီဖြစ်သည်။
Ref:Dailymail