ဟံသာဝတီယူနိုက်တက်အသင်း ခေါ်ယူရန် အကြိုသဘောတူထားသည့် ကစားသမားများကို ယခုလအတွင်း စာချုပ်ချုပ်ဆိုမည်

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်  ဘောလုံးရာသီပြင်ဆင်မှုအဖြစ် ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိထား သည့် ကစားသမားများကို ယခုလအတွင်း တရားဝင် စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ဇန်နဝါရီတတိယပတ်က  အသစ်ခေါ်ယူ ခဲ့သည့်  ရတနာပုံအသင်း နောက်ခံကစား သမား   ရဲရင့်အောင်နှင့်   ဧရာဝတီယူနိုက်တက်အသင်း   ကွင်းလယ်ကစားသမား   ရဲလင်းထက်တို့ကို   အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့သည်။

သို့သော်    အကြိုသဘောတူညီမှု ရရှိထားသည့်  ဝင်းမိုးကျော်၊ ဒွေးကိုကိုချစ်၊ နေမိုးနိုင်နှင့် အောင်မြတ်သူတို့ နေရပ်သို့ ရောက်ရှိနေ၍  စာချုပ်ချုပ်ဆိုရခြင်း မရှိသေးဘဲ ယခုလအတွင်း စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း သိရသည်။

အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေထဲက စာချုပ်ချုပ်ဆိုဖို့ လေးဦးကျန်နေပါ သေးတယ်။  ဒါပေမဲ့  သူတို့ကို  ဇန်နဝါရီ

လကစပြီး လစာပေးထားပါတယ်။ စာချုပ် ချုပ်ဆိုဖို့ကိုတော့ ဖေဖော်ဝါရီလမှာ  လုပ် ဆောင်ဖို့စီစဉ်ထားပါတယ်။ ဒါ့ပြင် စာချုပ်သက်တမ်းကုန်နေတဲ့  ကစားသမားတချို့ကိုလည်း  သက်တမ်းတိုးဖို့  ဆောင်ရွက်ထားတာရှိပါတယ်}}  ဟု   ၎င်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲ  ခြေစစ်ပွဲအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားရာ ခြေစစ် ပွဲအဆင့်ကို မေ ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။                           

ကိုရဲ