ပဲရစ်၊ ဘောလုံး
ပီအက်စ်ဂျီအသင်းမှ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာက ယခုရာသီကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက် တမ်းကုန်ဆုံးမည့် မက်ဆီအနေဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ ကစားရန် မျှော်လင့်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးလ်မန်းက မလေးမစားလုပ်သော လုပ်ရပ်ဟု တုံ့ပြန်ဝေဖန်ခဲ့သည်။
ပီအက်စ်ဂျီအသင်း ဒါရိုက်တာ လီယိုနာဒိုက မက်ဆီကို ခေါ်ယူလိုသည်ဟု တရားဝင်ထုတ်ဖော်ပြော ဆိုခဲ့ပြီး နောက် ဒီမာရီယာကလည်း ပီအက်စ်ဂျီအသင်းမှ မက်ဆီကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒီမာရီယာက “မက်ဆီကို ကြိုဆိုမလားဆိုတော့ တကယ်ကိုကြိုဆိုချင်တာပေါ့” ဟု ပြောသည်။
ပီအက်စ်ဂျီနှင့် ဘာစီလိုနာတို့သည် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်တွင် ရင်ဆိုင်တွေ့ဆုံရမည်ဖြစ်ရာ ရော်နယ်ကိုး လ်မန်း က “ဒါက ကျွန်တော်တို့အသင်းအပေါ် မလေးမစားလုပ်တဲ့ လုပ်ရပ်ပါ”ဟု ပြောသည်။
Ref:Dailymail