ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

   

COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask  များကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

   

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မိုင်(၂၀) ကျေးရွာနှင့် ရွှေပြည်သာမြို့နယ်၊ လိန်ကုန်းကျေးရွာ၊ အမှတ်(၁၄) ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက်၊ အုတ်ဖိုကျေးရွာတို့ရှိ အိမ်ထောင်စု ၃၀၀၀ စုအတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  ပြည်သူ့များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်သည်။

   

အလားတူ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ထန်းတောရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၀ စုအတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask  များကို နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။