ပုသိမ်မြို့၌ လူထုအခြေပြု ဖျားနာကုဆေးခန်းနှင့် ယာယီဆေးရုံ ဖွင့်လှစ်ထားရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

   

ဒေသခံပြည်သူများအား နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူ၊ ဆေးမှူးများဖြင့် COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ပညာရေး ကျောင်းတွင် လူထုအခြေပြု ဖျားနာကုဆေးခန်း Community  Based  Fever  Clinic  နှင့် ကိုးသိန်း အခြေခံပညာ မူလတန်ကျောင်းတွင် ယာယီဆေးရုံတို့ကို ပြင်ဆင် ဖွင့်လှစ်ထားလျက်ရှိ သည်။

   

ထိုသို့ပြင်ဆင် ဖွင့်လှစ်ထားရှိမှုများကို ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။