ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ အားတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ- ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်း မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ လပွတ္တာမြိ့ုနယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်များအတွင်းရှိ စစ်မှုထမ်းဟောင်းမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ နယ်မြေခံ တပ်ရင်းခန်းမများ၌ ပြုလုပ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟင်္သာတတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း မြို့နယ်အလုပ် အမှု ဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တပ်နယ်မှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်းမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။