ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နှင့် ယနေ့တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ် အတွင်း(ကိုကိုးကျွန်းမြို့နယ်မပါ) စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ပြီး လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။