နမ့်စန်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင်  အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်မှူးချုပ်  နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက  နမ့်စန်မြို့ရှိ နယ်မြေခံ တပ် ခန်းမ၌ သွားရောက်တွေ့ဆုံ သည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။