ရွှေတိဂုံ စေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ

COVID-19 ရောဂါဖြစ်ပေါ်မှုအခြေ အနေများကြောင့် ဖူးမြော်ခွင့်ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား၊ စေတီ ပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်း ကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ  ဖူးမြော်ကြည်ညို တရား ဘာဝနာပွားများနိုင် ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ဖူးမြော်ခွင့်ပြုခဲ့သည်။

ထိုသို့အများ ပြည်သူဖူးမြော်နိုင်ရေးခွင့်ပြု ပေးခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ဗိုလ်တထောင် စေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗ သီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော်ကြည်ညိုကြသူ ဘုရားဖူးလာသံဃာတော်များ၊သာသနာ နွယ်ဝင်သီလ ရှင်များ၊ မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ်ယူ လျက်ရှိကြသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ်နံနက် ၆ နာရီမှ ၇ နာရီအထိလည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁ဝ နာရီမှ ၁၁ နာရီ အထိလည်းကောင်း နံနက်ပိုင်းသုံးကြိမ်၊  မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊  ညနေ ၃ နာရီမှ ၄ နာရီအထိလည်းကောင်း၊  ညနေ ၅ နာရီမှ  ည ၆ နာရီအထိလည်း ကောင်း ဖူးမြော်နိုင်ရေးဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။