မန်ချက်စတာ၊ ဘောလုံး
COVID-19 ရောဂါကြောင့် ကန့်သတ်ထိန်းချုပ်မှုများ ရှိနေသည့်အတွက် မန်ယူနှင့် အာဆင်နယ်အသင်းတို့၏ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမ အကျော့ပွဲများကို နိုင်ငံပြောင်းပြီး ကြားကွင်းများ၌ ကစားရန် ဆုံးဖြတ်ခဲ့ ရသည်။ နှစ်သင်းစလုံးပွဲစဉ်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် မူလသတ်မှတ်ချိန် အတိုင်း ကစားမည်ဖြစ် သော်လည်း ဆိုစီဒက်နှင့်ကစားရမည့် မန်ယူ၏ပထမ အကျော့အဝေးကွင်းပွဲကို အီတလီနိုင်ငံ ဂျူဗင်တပ်စ် အသင်းကွင်း၌ သွားကစားရန်ဆုံးဖြတ်ခဲ့သည်။ အာဆင်နယ်အသင်း၏ ဘင်ဖီကာနှင့် အဝေးကွင်းပထမ အကျော့ပွဲကို အီတလီနိုင်ငံ ရောမမြို့ရှိ အိုလံပီကိုကွင်း၌ ကစားရန်ဆုံးဖြတ်ခဲ့သည်။
ထိုသို့ဆုံးဖြတ်ရခြင်းမှာ စပိန်နိုင်ငံသည် အင်္ဂလန်မှလာမည့်သူများကို ပြည်ဝင်ခွင့်တင်းကျပ်မှုများစွာ သတ်မှတ် ထားခြင်း၊ အင်္ဂလန်သည်လည်း ပေါ်တူဂီမှ ပြန်လာမည့်သူအားလုံးကို တင်းကျပ်သော စည်းမျဉ်းကြောင့် ကြားနိုင်ငံဖြစ်သော အီတလီမြေ၌ ထိုပွဲနှစ်ပွဲကို ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း၏ ဆိုစီဒက်နှင့် ဒုတိယအကျော့ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် အိုးထရက်ဖို့ဒ်ကွင်း၌ ကစား ရမည်ဖြစ်ရာ ထိုပွဲတွင် ပုံမှန်အတိုင်းကစား မည်ဖြစ်ပြီး အာဆင်နယ်၏ ဘင်ဖီကာနှင့် ဒုတိယအကျော့ပွဲ၌ မည်သည့်နေရာ တွင်ကစားမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
Ref:BBC