နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက တိုင်းဧချမ်းဓမ္မာရုံ၌ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူကြသည်။
ထိုသို့ ဆက်ကပ်လောင်းလှူရာတွင် ကေတုမတီမြို့သစ်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြစေတီဘုန်းတော်ကြီးကျောင်း၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ အနန်းပင်တောရ ဘုန်းတော်ကြီးကျောင်းနှင့် သဲဖြူကျေးရွာဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော်များသည် တိုင်းဧချမ်းဓမ္မာရုံ ရှေ့သို့ အလှူခံ ကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းများ ဆက်ကပ် လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။