တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ မြို့နယ်အချို့၌ တပ်မတော် ထောက်ခံပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

   

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့တွင် အင်အား ၂၀၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ တောင်သာမြို့တွင် အင်အား ၈၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့တွင် အင်အား ၅၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ သပိတ်ကျင်းမြို့တွင် အင်အား ၇၀ ဦးခန့်ဖြင့် လည်းကောင်း၊ ရမည်းသင်းမြို့တွင် အင်အား ၈၀၀၀ ဦးခန့်ဖြင့်လည်း ကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့တွင် အင်အား ၈၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အင်အား ၇၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ မင်းလှမြို့တွင် အင်အား ၇၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ပန်းတောင်းမြို့တွင် အင်အား ၃၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ နတ်တလင်းမြို့တွင် အင်အား ၁၂၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ တွင် အင်အား ၁၂၀၀ ခန့်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် အင်အား ၁၃၀ ဦးခန့်ဖြင့်လည်းကောင်း အသီးသီးဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ဆောင်ရွက်လျက် ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီဖွဲ့စည်းထားသည့့်နဃ အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလာဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့် ပြည်သူသွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။

   

အများပြည်သူများ အနေဖြင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှု များကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။