ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် (YMBA)   မှ အသင်းဝင်များက တပ်မတော်ဆေးရုံသို့ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

   

နိုင်ငံတော်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများအရ တပ်မတော်ဆေးရုံ အသီးသီးတွင် လာရောက်ဆေးကုသမှု ခံယူလျက်ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသား ပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်   စေတနာရှင် သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်း ပေးလျက်ရှိသည်။

   

ထိုသို့လှူဒါန်း ပေးလျက်ရှိရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် (YMBA)  ဥက္ကဋ္ဌ ဦးရဲထွန်း ဦးဆောင်သည့်  YMBA  အသင်းဝင် သံဃာတော်များနှင့် အသင်းသား၊ အသင်းသူများစုစုပေါင်း ၂၇၀ ဦးတို့သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ လာရောက်စုပေါင်း သွေးလှူဒါန်းကြသည်။                

   

ဦးစွာ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူက သွေးလှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး သွေးလှူဒါန်း နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင် ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြား ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သက်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ယင်းနောက် ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းက ကျေးဇူးတင် စကားပြောကြားပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။