လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊ ၅၈/၂ဝ၂၁

၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁  ရက်

(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီနိုင်ငံတော် သစ်တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျအကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီး တွင် အကျဉ်းကျခံနေကြ ရသောအကျဉ်းသား/သူများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ(က)အရ ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (ခရစ်နှစ် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) မတိုင်မီ ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက  ယင်းတို့ကျခ ံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်သည်-

(က)   သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ)ပြစ်ဒဏ်သို့ပြောင်းလဲကျ ခံစေ ရန်၊

(ခ)     ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄ဝ သို့ လျှော့ပေါ့ ကျခံစေရန်(ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ   သေဒဏ်မှထောင် တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထား သူများ မပါ)၊

(ဂ)    ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှထောင် တစ်သက်ပြစ်ဒဏ်သို့ပြောင်းလဲထားသူများ အား ထောင်ဒဏ် နှစ် ၅ဝ သို့လျှော့ပေါ့ကျခံစေရန်၊

(ဃ)   ထောင်ဒဏ်နှစ် ၄ဝ အထက် ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄ဝ သို့ လျှော့ပေါ့ကျခံစေရန်၊

(င)     ထောင်ဒဏ်နှစ် ၄ဝ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ ကျခံနေရသောထောင်ဒဏ်၏ လေးပုံတစ်ပုံ အား လျှော့ပေါ့ ကျခံစေရန်။

(ပုံ)မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ