ပြည်သူများသို့ အသိပေးကြေညာခြင်း (၁၁-၂-၂ဝ၂၁)

၁။      ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      ရွေးကောက်ပွဲ ကာလတွင် မဲစာရင်းကောက်ယူပြုစုခြင်း၊  ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့မဲရုံတွင် မဲပေးခြင်းစသည့် ရွေးကောက်ပွဲလုပ်ငန်းများ နှင့်စပ်လျဉ်း၍ မဲမသမာမှုများ၊ တရားမဲ့ပြု ကျင့်မှုများ ရှိကြောင်း ကြားသိရပါသည်။

၃။      အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးလျက်ရှိပါသည်။

၄။      စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တရားမဲ့ပြုကျင့်မှု၊ မသမာမှုများကိုသိရှိသည့် ပြည်သူများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်ပါ ကြောင်းနှင့်  စာဖြင့်လည်းကောင်း၊ အောက်ပါတယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် Email လိပ်စာများသို့ လည်းကောင်း  ဆက်သွယ်ပေးပို့တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)   တယ်လီဖုန်းနံပါတ်           -        ဝ၆၇-၃၄ဝ၄၄၁ဝ

(ခ)     တယ်လီဖုန်းနံပါတ်           -        ဝ၆၇-၃၄ဝ၄၂၂ဝ

(ဂ)    တယ်လီဖုန်းနံပါတ်           -        ဝ၆၇-၃၄ဝ၄၃၁၃

(ဃ)   ဖက်စ်ဖုန်းနံပါတ်              -        ဝ၆၇-၃၄ဝ၄၄၁၁

(င)     Email  လိပ်စာ                 -        dep.research@e-uec.gov.mm

(စ)       Email လိပ်စာ                  -        dep.research@e-uec.gov.mm

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်