ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

၁။      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်  ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ သည့် အထွေထွ ေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည်စိစစ်လျက် ရှိပါသည်။  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈(က)အရ နိုင်ငံသား တိုင်းသည်  ဥပဒေနှင့်အညီ  ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေ အခန်း(၄) ပုဒ်မ ၆ အရ အောက်ပါ အရည်အချင်းနှင့်ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီး မရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်-

(က)   ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ၊

(ခ)     သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ။

၂။      ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် (ရွေးကောက်ပွဲကျင်းပခြင်းမပြုလုပ်နိုင်သည့်ဒေသများမှအပ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦးရှိကြောင်း၊ ယခင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင်ရှိသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ အနက် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူစာရင်းမှာ ၃၂၂၁၁၁၈၈ ဦးဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မဲစာရင်းများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှရရှိသည့်  လူဦးရေစာရင်းများ၊   မြေပြင်အခြေနေများနှင့်တိုက်ဆိုင်၍  မဲစာရင်းကွာဟမှု များကို  စိစစ်လျက်ရှိသည်။  စိစစ်ပြီးသည့် နယ်မြေဒေသများ၏ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ် ပြန်ပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်