ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် (၅၇/၂ဝ၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ခန့်အပ် တာဝန် ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ တပ်မတော် အရာရှိကြီးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁) လေ ၂၅၂၂ ဒုတိယဗိုလ်မှူးကြီး ညီညီကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၂) ကြည်း ၃၄၁ဝဝ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၃) ကြည်း ၃ဝ၅၄၅ ဒုတိယဗိုလ်မှူးကြီး ညီညီတင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၄) ကြည်း ၃ဝ၁၃၂ ဒုတိယဗိုလ်မှူးကြီး မိုးမင်းဝင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၅) ကြည်း ၃၂၁၁၈ ဒုတိယဗိုလ်မှူးကြီး သော်နောင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၆) ကြည်း ၃၄ဝ၅၆ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
အမိန့်အရ
(ပုံ)အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ