ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

ပြည်ထောင်စုဝန်ကြီးများ  လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်   နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်  သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်း ဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ    စက်ရုံများအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင် ရေး ကိစ္စ၊ အထည်အလိပ်နှင့် အဝတ်အထည် ဆိုင်ရာ စမ်းသပ်ခြင်း၊  စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံ ချက် ထုတ်ပေးခြင်း  စသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကိစ္စ၊ အကောက်ခွန်ဦးစီးဌာနမှ စက်သုံးဆီများ တင်သွင်းမှု အဆင်ပြေချောမွေ့ရေး ကိစ္စ၊ ကိုဗစ်-၁၉ကာလအတွင်း ပိတ်ထားရသော တိရစ္ဆာန် ဥယျာဉ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ကုန်သွယ်မှုလွယ်ကူ လျင်မြန်စေရေးနှင့် ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများ ပိုမိုလျင်မြန်သွက်လက်စွာဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရ သည့် စီးပွား ရေးလုပ်ငန်းများ   အမြန်ဆုံးပြန်လည် နာလန်ထူလာစေရေးအတွက် ဆောင်ရွက် သွားမည့် ကိစ္စ ရပ်များနှင့်   လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ်၍    ဖြေရှင်းပေးရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။