ပြီးခဲ့သည့် လေးနှစ်အတွင်း မက်ဆီသည် စပိန်၌ အခွန်အများဆုံး ပေးရသူ ဖြစ်လာ

ပြီးခဲ့သည့်လက မီဒီယာများတွင် ၂၀၁၇ ခုနှစ်က မက်ဆီကို ဘာစီလိုနာအသင်း လေးနှစ်စာ ချုပ်ချုပ်ဆိုခဲ့သော စာချုပ်ပါ အချက်အလက်များ   ပေါက်ကြားခဲ့ပြီးနောက် ထိုစာချုပ်ပါ လစာဝင်ငွေအရ  မက်ဆီသည်  လေးနှစ်အတွင်း  လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်   စပိန်၌   အခွန်အများဆုံး ပေးဆောင်ခဲ့သူဖြစ်ကြောင်း   El Periodico သတင်းဌာနက ထပ်မံထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့သော မက်ဆီ၏ လေးနှစ်စာချုပ် အရ မက်ဆီသည် ပေါင် ၄၉၂ သန်းအထိ ရရှိနိုင်ခဲ့ရာ စပိန်၌ ဝင်ငွေခွန်ကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားသောကြောင့် ၎င်း၏ တစ်နှစ်တာအခွန်ငွေ ပေါင် ၁၂၁ သန်းအနက် ပေါင် ၅၈ သန်းကို အခွန်အဖြစ်ပေးဆောင်ရသဖြင့် ထိုကာလအတွင်း လူပုဂ္ဂိုလ်များအနက် နိုင်ငံအခွန် အများဆုံး ထမ်းဆောင်သူဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာတွင် မက်ဆီတစ်ဦးတည်း၏ အခွန်ဆောင်ငွေသည် တချို့သောကုမ္ပဏီကြီးများ၏ အခွန်ဆောင်မှုထက်ပင် များခဲ့ကြောင်း သိရသည်။

Ref:Dailymail