နေပြည်တော် သြဂုတ် ၂ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ကုန်းကြမ်းမြို့၏ အနောက်မြောက်ဘက် မီတာ ၁၂ဝဝဝ ခန့် အကွာသို့အရောက်၌ သွပ်မိုး၊ အုတ်ကာ ထားသည့် နေအိမ်အဆောက်အအုံပျက် တစ်လုံးတွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးရာ မီးဖိုချောင်အတွင်းမှ 88 နှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား၂ဝ၂ဝဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၄ဝဝ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကုန်းကြမ်းမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။