ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ပြည်သူ့ဆေးရုံများ၊   တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့်   အာဟာရဖြည့်စွက်စာများကို  တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သားများက  သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ  ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ ဆေးရုံသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ တပ်မတော်သားများက အာဟာရဖြည့်စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။