ယနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၆ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက် ၍ သတင်းထုတ်ပြန်ချက် အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ  ၃၆  ဦးနှင့်  သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

(၁၄-၂-၂ဝ၂၁) ရက် ည ၈ နာရီမှ (၁၅-၂-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၈၈၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်  ၃၆  ဦး တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၄၇၆၇၉၇ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း   ၁၄၁၆၃၇  ဦးရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၄ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃ဝ၄၆၅  ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီး ဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၁၉ဝ ဦး ရှိသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  တစ်ပြည်လုံး အတိုင်းအတာဖြင့်  ဆောင်ရွက်နေ သည့်  ''ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင် ရေးလူထုလှုပ်ရှားမှုစီမံချက် (mask and face shield campaign) '' ၌ ပါဝင်သော ဆောင်ရွက်ရမည့်အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ''တစ်ဦး ကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း  မိသားစုစီမံချက်'' အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား  အသိပေးခြင်းနှင့် သတိပေးခြင်းတို့ဆောင်ရွက်မှသာလျှင် ရောဂါကူး စက်ပြန့်ပွား မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။