CDM လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားခဲ့သည့် ဆားမှော် တိုက်နယ်ဆေးရုံမှ ဆရာဝန်များအား ဒေသခံပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅

 ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံရှိ တာဝန်ကျဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM  လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်းသိရသည်။

 ထိုသို့ CMD လှုပ်ရှားမှုတွင်ပါဝင်၍ ဒေသခံပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံပြည်သူများက ပြည်သူ့ကျန်းမာရေး အမြန် ဆောင်ရွက်ပေး၊ ပြည်သူ့ကျန်းမာရေး မျက်ကွယ်ပြုသည့် ကျန်းမာရေး ဝန်ထမ်းများအလိုမရှိ၊ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းစေရေး စသည့် ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပြီး ဒေသခံပြည်သူလူထုအပေါ် ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ပါက အမြန်ဖယ်ရှားပေးရန် တောင်းဆိုဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။