ရဲမှုထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်  COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊  ရဲတပ်ဖွဲ့မှူးရုံးများနှင့်  သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊  လဲချားမြို့နှင့် မိုင်းရှူးမြို့၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမ်းမြို့၊ တောင်ကုတ်မြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ ဂွမြို့၊ ကျောက်တော်မြို့၊  မြောက်ဦးမြို့၊  မင်းပြားမြို့နှင့် ဘူးသီးတောင်မြို့၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့်  ချင်းပြည်နယ်၊  ဟားခါးမြို့၊ မန္တလေးတိုင်းဒေသကြီး၊   ပုသိမ်ကြီးမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊  ကျောက်တံခါးမြို့၊ ပြည်မြို့နှင့် လက်ပံတန်းမြို့တို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူများက  သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။