၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်(၈)မြို့ နယ်၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များအရ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၉ဝ၆၂၂၆ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများမှာ ၇ဝ၃၅၄၆ ဦး ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ် မရှိသူများမှာ ၁ဝ၈၃၃၃ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃)ကြိမ် နှင့်အထက် ပါဝင်နေသူများမှာ ၆၉ဝဝ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၇၆၂၂၂ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ မြို့နယ် အလိုက် စစ်ဆေးတွေ့ရှိချက်မှာအောက်ပါအတိုင်းဖြစ်သည်-