မြစ်ကြီးနားမြို့ရှိ ကျောင်းတိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ  ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အောင်ဇေရန်အောင်တပ်ဦးကျောင်းနှင့် တောင်တန်းသာသနာပြု ကျောင်းတိုက်များသို့ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ယနေ့တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်သည်။

ဦးစွာ  ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊  တိုင်းမှူးနှင့် အဖွဲ့ဝင်များက အဆိုပါ ကျောင်းတိုက်များရှိ ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အဆိုပါ ကျောင်းတိုက်များရှိ သံဃာတော်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့်  ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။