နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာမိုးမြင့်မောင် ဦးစီးသည့် ဆရာ ဝန် ခြောက်ဦးတို့သည် ယနေ့တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုဘဲ တစ်ပြိုင်တည်း ခွင့်တင်၍ ဆေးရုံမှ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံ ပြည်သူများက ကြွေးကြော်သံများဖြင့် ရှုတ်ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။