အရပ်သားဆရာဝန်များနှင့် သူနာပြုများမရှိ၍ ဆေးကုသရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် လွိုင်လင်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများကသွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော် ဦးစီးဆရာဝန် ၄ဝ ဦးနှင့် သူနာပြု၈ဝ ဦးတို့သည် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ¤င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ် လျက်ရှိ သဖြင့် တာဝန်ရှိသူများက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြု များအား လာရောက်ကုသပေးနိုင်ပါ ရန် အကူအညီ တောင်းခံလာခဲ့သည်။

အဆိုပါအကူအညီ တောင်းခံလာမှုကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ တပ်မတော် ဆေးရုံများမှ တပ်မတော် သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား   စနစ်တကျစုဖွဲ့ပြီး ယနေ့တွင် စေလွှတ်၍ အဆိုပါဆေးရုံ၌ ရောဂါ ဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်စေခဲ့ရာ ဒေသခံ ပြည်သူများက လှိုက်လှိုက်လှဲလှဲကြို ဆိုခဲ့ကြ ကြောင်းနှင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို အရှိန်အဟုန်မြှင့်ဆောင် ရွက်ပေး သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။