ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

   

COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းအုတ်စက်ကွင်းစု၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ပုလဲမြို့သစ်၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာ၊ ဝါးပတောကျေးရွာ၊ ဝါးနက်ချောင်းကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ တိုးချဲ့အမှတ်(၄)ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၆၀၀၀ စုတို့အတွက် ဆန်နှင့်ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

   

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၀ စုနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာရှိ အိမ်ထောင်စု ၂၀၀ စုတို့အတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက ကျေးရွာရှိ အောင်သိဒ္ဓိသာသနရောင်ခြည် ကျောင်းတော်ကြီး၌ ပေးအပ်ကာ ဒေသခံပြည်သူများအား နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

   

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အိမ်ထောင်စု ၁၀၀ စုအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။