စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင်  ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် အင်အား ၁၀၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့တွင် အင်အား ၁၂၀၀ ဦး ခန့်ဖြင့်လည်းကောင်း၊ ပုလဲမြို့တွင် အင်အား ၁၅၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ယင်းမာပင်မြို့တွင် အင်အား ၅၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် အင်အား ၄၀၀ ဦးဖြင့် လည်းကောင်း၊ ဝေါမြို့တွင် အင်အား ၁၀၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့တွင် အင်အား ၁၂၀၀ ဦးခန့်ဖြင့်လည်းကောင်း ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ် ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)နှင့်အညီဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော် အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ သစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေးသစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့် မညီသော ရွေးကောက်ပွဲရလာဒ်အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် တပ်မတော် အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။
    
အများပြည်သူများအနေဖြင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှုဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။