နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆေးရုံအချို့၌ ဆရာဝန်နှင့် သူနာပြုများက ဒေသခံပြည်သူများကို မျက်ကွက်ပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ ပျက်ကွက်လျက်ရှိရာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား Covid-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ် အဆောင်၌ Quarantineထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၂၂ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Covid-19 ရောဂါနှင့် ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။